Professional Authors

ကြည့်နေလိုက်တာ အကောင်းဆုံးပေါ့

မနေ့က…..

ကြားခဲ့ဘူးတဲ့ ကောလာဟလ

ဒီနေ့တော့ တိုက်ဆိုက်လားလို့

တိုက်ကြည့်မိတယ် ဘုရားဟောခဲ့တဲ့

ကပ္ပ ကောလာဟလ  ဗုဒ္ဓ ကောလာဟလ

စက္ကဝတ္တိ ကောလာဟလ မင်္ဂလာ ကောလာဟလ

မောနေယျ ကောလာဟလဆိုတဲ့

ကောလာဟလ ငါးပါးထဲမှာကော

ပါဝင်သေးလား ဖြစ်နိုင်သလား

မသိနိုင်ခဲ့ဘူး သိလာတဲ့အသိက

ခေတ်နောက်ပြန်ရင်း အတိက်တွေလည်းဆွေးခဲ့ပြီး

အနာဟောင်းတွေလည်း ယင်အုံကိုက်ခဲလို့

ဆရာဝန်ဆီလည်း ရောက်ခဲ့ပြီး

ဆေးပေးဆရာတွေလည်း အရောင်ပြောင်းလို့

သန်းကြွယ်သူဋ္ဌေးတွေဖြစ်ခဲ့ပြီး

အကြွေးတွေနဲ့ မျက်နှာပြောင်းလို့

ချိုငံချဉ်စပ် ရောင်းရတယ်

ဆိုင်ရှင်ကလည်း ခေါက်ချိုးကြီးနဲ့

မာနတင်လို့ ရန်တွေနေပြီ

ခက်တယ် ခက်တယ် ဒီခေတ်ထဲမှာ

တိုးတက်မှုက ဘာတဲ့လဲလို့ မေးလိုက်မိတယ်

အမေးမှားသွားတဲ့ ပါးစပ်က

ဟန်ချက်ပျက်လို့ သွားရာတွေလည်းထင်ခဲ့တယ်

ရှိပါစေတော့ ကြည့်နေလိုက်တာ အကောင်းဆုံးပေါ့…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 9, 2011
Comment #1

အမေးမှားသွားတဲ့ ပါးစပ်က

ဟန်ချက်ပျက်လို့ သွားရာတွေလည်းထင်ခဲ့တယ်
တပုဒ်လုံးကောင်းတင်္ရဗျာ

Comment #2

အားပေးလျှက်ပါ……

commentinfo By: May Kha at Nov 9, 2011
Comment #3

ကျေးဇူးတင်ပါတယ်……..ကျွန်တော်လည်း ဆက်လက်ကြိုးစားနေလျက်ပါ….
အခုလို အားပေးမှုရတဲ့အတွက် ကျွန်တော် အထူးဝမ်းသာမိပါတယ်…

Comment #4

ကြည့်နေတာပဲ..ကောင်းပါတယ်။အကို
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Nov 9, 2011
Comment #5

🙂

commentinfo By: ei lay at Jan 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment