Professional Authors

*ဘယ်သူ့အတွက်လဲ?*

ငါနဲ့တွေ့တဲ့အချိန်တိုင်း
မဲ့ပြုံးတွေပြုံးပြတတ်တဲ့ချစ်သူ…
နင့်ရဲ့နူးညံ့တဲ့အပြုံးတွေက
ဘယ်သူ့ကိုပြုစားဖို့အတွက်လဲ…?

ငါနဲ့တွေ့တဲ့အချိန်တိုင်း
အေးစက်တဲ့အကြည့်တွေနဲ့သာ
တုံ့ပြန်တတ်တဲ့ချစ်သူ…
နွေးထွေးတဲ့နင့်မျက်ဝန်းတွေက
ဘယ်သူ့ကိုရှုစားဖို့အတွက်လဲ…?

ငါနဲ့တွေ့တဲ့အချိန်တိုင်း
ရင့်သီးတဲ့စကားလုံးတွေနဲ့သာ
ထိုးနှက်တတ်တဲ့ချစ်သူ…
ချိုသာတဲ့နင်ရဲ့ချစ်စကားတွေက
ဘယ်သူ့ကိုခစားဖို့အတွက်လဲ…?

နှလုံးသားရဲ့နေရာတိုင်းကို
နာကျင်အောင်နှိပ်စက်တတ်တဲ့ချစ်သူ…
နင်ငါ့အတွက်ဘာမှမပေးနိုင်ရင်တောင်
သိပ်ချစ်ခဲ့ဖူးတဲ့နင့်ကို
မုန်းလို့ရမယ့်ပညာလေးတစ်ခုတော့
သနားသောအားဖြင့်
စွန့်ကြဲပေးခဲ့ပါလားကွယ်…..

 

In: ကဗျာ Posted By: Date: Nov 7, 2011
Comment #1

နှလုံးသားရဲ့နေရာတိုင်းကို
နာကျင်အောင်နှိပ်စက်တတ်တဲ့ချစ်သူ…
နင်ငါ့အတွက်ဘာမှမပေးနိုင်ရင်တောင်
သိပ်ချစ်ခဲ့ဖူးတဲ့နင့်ကို
မုန်းလို့ရမယ့်ပညာလေးတစ်ခုတော့
သနားသောအားဖြင့်
စွန့်ကြဲပေးခဲ့ပါလားကွယ်…….
ကြိုက်တယ်ဗျ။..အဲဒီပညာလေးတော့.သင်ပေးသင်တယ်..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 7, 2011
Comment #2

hote pa..
hote pa…
tu tu be

commentinfo By: ei lay at Nov 13, 2011
Comment #3

သိပ်ချစ်ခဲ့ဖူးတဲ့နင့်ကို
မုန်းလို့ရမယ့်ပညာလေးတစ်ခုတော့
သနားသောအားဖြင့်
စွန့်ကြဲပေးခဲ့ပါလားကွယ်…..

commentinfo By: Nway Yu at Oct 6, 2012
Comment #4

သိပ်ချစ်ခဲ့ဖူးတဲ့နင့်ကို
မုန်းလို့ရမယ့်ပညာလေးတစ်ခုတော့
သနားသောအားဖြင့်
စွန့်ကြဲပေးခဲ့ပါလားကွယ်…..

commentinfo By: meso at Jan 23, 2013
Comment #5

ှနှလုံးသားရဲ့နေ ရာတိုင်းကို နာကျင်အောင်နှိပ်စက်တတ်တဲ့ ချစ်သူ… နင်ငါ့အတွက်ဘာမှမပေးနိုင်ရ င်တောင် သိပ်ချစ်ခဲ့ ဖူးတဲ့န င့်ကို မုန်းလို့ ရ မ ယ့် ပ ညာလေးတစ်ခုတော့ သနားသောအားဖြ င့် စွန့်ကြဲပေးခဲ့ ပါလားကွယ်…..”

commentinfo By: ayokelay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment