Professional Authors

ငါ့နှလုံးသားသစ်ပင်

နှလုံးသားနက်နက်ရှိုင်းရှိုင်း ရင်တွင်းတစ်နေရာမှာ
ငါကိုယ်တိုင်စိုက်မိတဲ့ သဘာဝအချစ်သစ်ပင်ရှိခဲ့တယ်
ငါ့ရင်ခွင်သဘာဝသစ်ပင်ထဲ မင်းရဲ့မေတ္တာရေစင်တစ်ခွက်က
ဝင်ရောက်လာလို့ လန်းဆန်းသော
မေတ္တာအကိုင်းအခတ်တွေ ဝေဆာခဲ့တယ်…။

အရောင်ရင့်ရင့် နေ့သစ်တစ်ခုရောက်လာတော့
ငါ့နှလုံးသားသစ်ပင်ထဲ ရောင်စုံသစ်သီးများ
ကာလာအစုံသီးကြလို့ ခူးချင်သူလည်း ရှိခဲ့တယ်
ဒါပေမဲ့ ငါကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ မေတ္တာသစ်ပင်မှာ
အချစ်သစ်ရွက် သစ်သီးတွေ ဝေဆာခဲ့တာ
သစ်သီးခူးယူသူ ချစ်သူအသိပါ………။

ရာသီတွေ နှစ်တွေ ကူးပြောင်းလို့
ရွက်ရောရွက်ဝါတွေ စက္ကန့်မခြား
နာရီလက်တန့်ကြားမှာ ကြွေကျမြေခလို့
အခုဆို အလွမ်းတွေသင့်နေပြီပေါ့လေ…။

အကိုင်းအခတ်တွေ ရွက်ခြောက်တွေဝေ
အလွမ်းတွေသင့်ပြီးမို့ ခူးသူရယ် ပြေးပစ်
မေတ္တာရေစင်လည်း မဲ့ခဲတဲ့
ငါ့နှလုံးသားရေသောက်မြစ်လည်း ပြတ်တောက်နီးလုပြီး
ကံကြမ္မာလှည့်ပြောင်းလို့ ငါ့နှလုံးသားပင်ယံထက်မှာ
သဘာဝရေစင်များ အဆုံးစမဲ့ ကောင်းကင်ယံက
သွန်းလောင်းပေးဆပ် ငါ့နှလုံးသားသစ်ပင်လေး
တဖန်လန့်နိုးလို့ အချစ်သီးတွေလည်းရခဲ့ပြီ…။

ချစ်တက်ရင်လည်း ခူးယူလှည့်ပါ
မုန်းတက်ရင်လည်း ခူးချွေလှည့်ပါ
ချစ်မုန်းမခွဲ မေတ္တာပေးလှည့်သူမှာ
အလွမ်းသင့်တာတော့ ခူးသူသိမှာပါ
ကျန်ရစ်သူတော့ ဒဏ်ရာတွေအပြည့်နဲ့
အထီးကျန်ရင်း ဆွေးမြေးခဲ့တာ ရာသီတိုင်းပေါ့..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 6, 2011
Comment #1

ချစ်တက်ရင်လည်း ခူးယူလှည့်ပါ
မုန်းတက်ရင်လည်း ခူးချွေလှည့်ပါ
ချစ်မုန်းမခွဲ မေတ္တာပေးလှည့်သူမှာ
အလွမ်းသင့်တာတော့ ခူးသူသိမှာပါ
ကျန်ရစ်သူတော့ ဒဏ်ရာတွေအပြည့်နဲ့
အထီးကျန်ရင်း ဆွေးမြေးခဲ့တာ ရာသီတိုင်းပေါ့..။

Comment #2

so much good/
so much perfect.

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment