Professional Authors

အရွှေ့

၂၃၁/၂ဒီဂရီတိမ်းစောင်းနေတယ်ဆိုတဲ့

ကျတော်တို့ကမ္ဘာကြီးဟာ
ဘယ်ဘက်ကိုတိမ်းစောင်းနေတယ်ဆိုတာ
ကျတော်မသိပါ
ဓူဝံကြယ်တောင် ပျောက်တော့မယ်
အိုင်းစတိုင်းသီအိုရီလည်းမှားခဲ့ပြီ
ဟိုတလောကတော့ ကဒါဖီတယောက် အသက်ခံလိုက်ရတယ်
ဆာဒမ်ဟူစိန်လည်းသေခဲ့ပြီ
အခုကမ္ဘာမှာပြသနာတခုက
လူဦးရေးဖောင်းပွမှုတဲ့
ဒါဟာ ကမ္ဘာဇာတ်ဝင်ခန်းတွေပါ
ထားပါလေ
ကျတော်ပြောချင်တာက
မြန်မာနိုင်ငံရဲ့ မျက်လှည့်ပြပွဲအကြောင်းပါ
“ကမ္ဘာကြီးရဲ့ အခြားတဖက်မှာ
လိပ်ပြာလေးအတောင် တချက်ခက်ခြင်းက”ဆိုတဲ့
Butterfly effect တွေနဲ့
နိုင်ငံရေးအခင်းအကျင်းတခုမှာ
ပွင့်လင်းမြင်သာ ထင်သာမြင်သာရှိတဲ့
မျက်လှည့်ပြကွက်တွေနဲ့
(လူ)သန်းငါးဆယ်ကို ဆွဲဆောင်ထားတယ်
အခုလည်း “ကြားဖြတ်ရွှေးကောက်ပွဲတဲ့”
ခေါင်းစဉ်တပ်လိုက်တယ်
သူတို့ရဲ့ အကောင်းဆုံးပြကွက်တွေကို ပြသနိုင်ဖို့
လူတယောက်ကိုဖိတ်ခေါ်ထားတယ်
အမေပေါ့( ဒေါ်အောင်ဆန်းဆုကြည်)
လယ်ဧက နှစ်သောင်းကျော်လောက်ကိုလည်း သိမ်းထားလေရဲ့
ဒီပွဲမှာ ဒါတွေတော့ လိုမယ်မထင်ပါဘူး
ပရိတ်သတ်ကိုပြောချင်တာက
ဒီပွဲဟာ မျက်လှည့်ပွဲပါ
အနုပညာမြောက် လိမ်လည်မှုပေါ့
ကြည့်လို့ကောင်းပေမဲ့
ကျတော်တော့ မျက်စိနဲနဲစပ်တယ်ဗျာ……။(လူမင်းခ)
In: ကဗျာ Posted By: Date: Nov 6, 2011
Comment #1

ဒီပွဲဟာ မျက်လှည့်ပွဲပါ
အနုပညာမြောက် လိမ်လည်မှုပေါ့
ကြည့်လို့ကောင်းပေမဲ့
ကျတော်တော့ မျက်စိနဲနဲစပ်တယ်ဗျာ……။
လုလင် အားပေးသွားသည်

Comment #2

ဒီပွဲမှာ ဒါတွေတော့ လိုမယ်မထင်ပါဘူး
ပရိတ်သတ်ကိုပြောချင်တာက
ဒီပွဲဟာ မျက်လှည့်ပွဲပါ
အနုပညာမြောက် လိမ်လည်မှုပေါ့
ကြည့်လို့ကောင်းပေမဲ့
ကျတော်တော့ မျက်စိနဲနဲစပ်တယ်ဗျာ………(အားပေးသွားပါတယ်)

commentinfo By: May Kha at Nov 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment