Professional Authors

အချစ်နဲ့  လိမ် / လိင် မှုကိစ္စ

{ ” ကျုပ်နှလုံးသားထဲမှာ စွဲလောင်နေတဲ့ တမြည့်မြည့်တစ်ခုက ဘယ်တော့မှ ငြှိမ်း
   သတ်လို့ ရမှာ မဟုတ်တော့ဘူး ” လို့  အဲ့ဒီ့ ပထမနာမ်စားက သူ့ ကိုယ်သူ
   လိုလို တစုံတစ်ယောက်ကိုရင်ဖွင့်နေသလိုလို အသံထွက်တယ်ဆိုရုံလေး မြည်
   တမ်း သွားတယ်၊ မှောင်အတိကျခြင်းနဲ့  သိမ်ဖျင်းအားငယ်မှုရဲ့ စက်ကွင်းအလယ်မှာ
   အထင်အရှား တွေ့ လိုက်ရတာ ဘယ်သူလဲ၊ ” မှတ်မှတ်ရရ ကျုပ်စိတ်တွေ တနေ့ တုန်းက ထစ်ချုန်းရွာ
   သွားပြီဗျာ …၊ ”  တစ်စက် နှစ်စက်ကနေ ပင်လယ်ကြီးလောက်ဖြစ်သွားတော့မယ်
   မှန်း … ခင်ဗျားလည်းတွေးမိမှာပါပဲ၊ }   ဟုတ်ပြီ ..၊ ကူးကြည့်ရအောင်

 
{ လိမ် / လိင် ချင်စိတ်ကို ဘယ်လို တည်ဆောက် / တည့်မတ် / ပြုပြင် /
   ပိုင်းခြား / ဝေခွဲပြီးတော့ / အသုံးပြုမလဲ ( ? ) ၊ ခင်ဗျားခန္ဓာကိုယ်ထဲ လှည့်ပတ်စီးဆင်း
   နေတဲ့ အဲ့ဒီ့ လိမ် / လိင် ချင်စိတ်ကို နှိုးဆွစေတတ်တဲ့ အကြောင်း
   တရားများကို ဖော်ပြပါ ဆိုရင် ကျုပ်တော့ ပြဿနာ တက်တော့မယ်  ” ဟုတ်တယ် ..၊
   ဒါက ပြဿနာပဲ မဟုတ်လား ”  ဆိုလိုတာကတော့ ခင်ဗျားတို့  ကျုပ်တို့ ရဲ့ တစုံတစ်ယောက်
   အပေါ်မှာ လိမ် / လိင် လိုက်ချင်တဲ့ စိတ်ဟာ ဘယ်ရွေ့ ဘယ်ကာလမှ ခုလက်ရှိအချိန်ထိတိုင်
   ချစ်စရာအလေ့အထ တစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုမှုမခံရခြင်း အကြောင်းရင်း
   အစုစု … အထွေထွေ …. အဖုံဖုံ ….. ပေါ့၊  ဆိုပါစို့ 
   ” ဒါက ချစ်စရာမကောင်းဘူးလား ..၊ ဒါက မင့်အတွက် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ယက်
   လုပ်ထားတဲ့ မွှေးပျံ့ ချိုရင့် အချစ်နှင်းဆီနီရဲ တစ်ပွင့်ပေါ့ ” } ဟာ … လိမ် / လိင် တတ်လိုက်ပုံများ …

 
{ ကောင်းပြီ …၊ ဒီလိုဆို ချစ်ခြင်းတရားမှာ အဲ့ဒီ့ကိစ္စတွေ မလိုအပ်ပြန်ဘူးလား ( ? ) } ဘယ်သိမလဲ … ၊ နော့ .. !

 

{ ” ဟုတ်ကဲ့ … ဒါကတော့ အလုံခန်းထဲမှာ ပိတ်မိနေတဲ့ စိတ်မစင် တခွဲသားပါ၊
   သူကတော့ ကျွန်တော်ဖြစ်ပြီး ခုခင်ဗျားရောက်မလာခင်လေးကမှ ပျောက်သွားတဲ့
   တစ်ယောက်ကတော့ ဘယ်သူမှန်းမသိလိုက်ရပါဘူး …၊ ရှက်ဖို့ ကောင်းလိုက်တာ … ” ။ }

                                                                                  ထူးဝေ
                                                                               2:17 ( AM )
                                                                            5.11.2011 ( Sat )

In: ကဗျာ Posted By: Date: Nov 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment