Professional Authors

ရှောင်တခင် လမ်းခွဲခြင်း

ဝလာမိုးစက် တသက်သက်နဲ့
လွမ်းလျက်မဆုံ မျှော်လေတိုင်းဝေး
ရင်လှိုင်းဆွေးခိုက် ဖြေလျော့ကာ မပြေခဲ့
ချစ်ရတက်ဗွေ မုန်တိုင်းလေလို
လေဗွေဆော့မြူး ချစ်သက်ဦးရေ
ချစ်လျက်ကြင်ကွာ ပစ်လျက်ရင်နာ
တစ္ဆေပမာ မုန်းမိုးတွေရွာလို့
မိုးလေသတင်းတွေက သယ်ဆောင်ညှင်းလေတော့
တို့နှစ်ဦးဆုံတွေ့ လမ်းခွဲရက်ပေပေါ့
ချစ်ဦးသူ သက်ထားခင်ပျိုရယ်..။

ခုဆိုကဗျာ ရင်ထဲမှာတော့
သုံးရာသီ စပ်ကြား မိုးသားကြူးလျက်
စစ်မက်လျှပ်ပန်း ရောင်စဉ်သန်းလို့
စိုတဆွတ်ဆွတ် ရင်ခွင်ဦးမှာ
ချမ်းတုန်ခိုက်လှ လွမ်းမျက်ရည်
ရေကြည်တစ်ပေါက်နဲ့ ဝေးကွာရှောင်တိမ်း
ချစ်သူလေးကို တစိတ်စိတ်တွေး
တရိပ်ရိပ်ဆွေးရင်း မျှော်မဆုံးတဲ့
ချစ်သူများနေ့ကို ရောက်ခဲ့ပြီးလေ..။

မျှော်လင့်ခြင်း မိုးကောင်းကင်မှာ
အတောင်ပံခတ်လို့ ပျံသန်းနေဦးတော့
နွေတံခူး လကဆုန် မေအထူး လဝါဆိုလို့
မုန်းမိုးတွေရွာချ လွမ်းလှသမို့
ရှာပုံတော်ဖွင့် ကြင်ချစ်သူကို
ခွင့်လွတ်သနား ချစ်စကားလေး
နှုတ်ချိုချို တေးဆိုလို့
သီကျူးဖော်ပြ ဆိုပြခဲ့သော်လည်း
တမြေတစ်ရွာ ရှောင်ကာတိမ်းခဲ့ပေါ့
ကြင်သူသက်ထား နှလုံးသားပိုင်ရှင်ရေ….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 4, 2011
Comment #1

မျှော်လင့်ခြင်း မိုးကောင်းကင်မှာ
အတောင်ပံခတ်လို့ ပျံသန်းနေဦးတော့
နွေတံခူး လကဆုန် မေအထူး လဝါဆိုလို့
မုန်းမိုးတွေရွာချ လွမ်းလှသမို့
ရှာပုံတော်ဖွင့် ကြင်ချစ်သူကို
ခွင့်လွတ်သနား ချစ်စကားလေး
နှုတ်ချိုချို တေးဆိုလို့
သီကျူးဖော်ပြ ဆိုပြခဲ့သော်လည်း
တမြေတစ်ရွာ ရှောင်ကာတိမ်းခဲ့ပေါ့
ကြင်သူသက်ထား နှလုံးသားပိုင်ရှင်ရေ….။

commentinfo By: May Kha at Nov 4, 2011
Comment #2

အားပေးနေကျကျွန်တော်
အားပေးသွားပြန်တယ်နော်
ကြိုက်တယ်

commentinfo By: yaewintaung at Nov 4, 2011
Comment #3

right,,
so nice,,

a te hna lone ma shi de thu g,,,
hint,,

commentinfo By: ei lay at Mar 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment