Professional Authors

ငါ

စိတ်ကို ကြွေအံကစားသလို

အနားစွန်းတွေက တစ်ခုနဲ့ တစ်ခု

တွန်းတိုက် လွင့်စင်လို့

ကလောင်….ကလောင်နဲ့

ဝုန်းဒိုင်းကျဲ ဆူညံနေတယ်…

 

အသွားအပြန်မရှိတဲ့

ဒီလူသွားလမ်းလေးက

ရေတဖွေးဖွေးနဲ့

အလွမ်းတွေ မျှောချင်တိုင်း မျှောနေတာ…

ခုန်ကျော်ဖို့တောင် မေ့နေလေရဲ့….

 

ဘာဖြစ်ဖြစ်

မေ့လျော့နေတဲ့ သံယောဇဉ်တွေက

လုံးလုံးလျားလျား ဖွေရှာနေဆဲ..

 

အဖြေရှိပြီး အမေးမရှိတဲ့

ပုစ္ဆာတစ်ပုဒ်က

ရသာပျက်စွာ

ခန်းနားနေတုန်းပဲ….

ငါ့ကိုငါ မေးလို့လည်း မသိဘူး….

ငါ့ကိုငါ နားထောင်လို့လည်း  အသံမကြားဘူး….

ငါကိုငါ ရှာလို့လည်း မမြင်နိုင်သေးလေတော့

ကျောခိုင်းခံထားတဲ့ ကံတရားရှေ့မှာ

အချိန်မှန် ဒူးထောက် နေတဲ့ အဖြစ်….

အို …အခုလည်း

ငါကိုငါ တိုးတိုးလေး ပြောနေရပြီ…

မင်းကိုမင်း …နားမလည်း သေးပါဘူးကွာ….

In: ကဗျာ Posted By: Date: Nov 4, 2011
Comment #1

it’s normal.
it’s natural.

commentinfo By: ei lay at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment