Professional Authors

သင်…သွားလိုရာ သွားနိုင်ပြီ

သင်…ပေးသော အချစ်ဟုအမည်ခဲ့သည့်
ထင်ယောင်ထင်မှား မာယာဖုံးထားသောအရာများအား
ကျွန်ုပ်အလိုမရှိတော့ပြီ……..

သင်…နောက်ထပ်ပေးလာမည့်
ဒဏ်ရာများအား လက်ခံနိုင်ရန်အတွက်
ကျွန်ုပ်၏ နှလုံးသားတွင်
နေရာလွတ်မရှိတော့ပြီ…….

သင်…ပေးခဲ့သောသင်ခန်းစာများအား
သည်းခံ နားလည် သင်ယူနိုင်သည့်စွမ်းအားများ
ကျွန်ုပ်ထံတွင် ကုန်ဆုံးခဲ့ပြီ……

သင်…နာကျင်အောင်လုပ်ခဲ့သမျှ
အပြုံးဖြင့် ခွင့်လွှတ်ကာ ကြည်ဖြူစွာလက်ခံနိုင်စွမ်းများ
ကျွုန်ုပ်ထံတွင်မရှိတော့ပြီ……

သင်…ဆော့ကစားရာ
ကျွုန်ုပ် ရင်ခွင်သည်
ဒဏ်ရာများဖြင့်သာပြည့်နှက်နေလေပြီ……
သင်…အသုံးချရာ
ကျွန်ုပ် မာနများသည်
လေလွင့်ပျက်စီးခဲ့လေပြီ…..
သင်…လွှင့်ပစ်ထားသည့်
ကျွုန်ုပ်အသည်းနှလုံးသည်….
နာကျင်လွန်းလှလေပြီ…..

သို့အတွက်ကြောင့်
ကျွုန်ုပ်ဘ၀တွင် သင့်အတွက်
တစုံတရာမရှိတော့ပြီဖြစ်သောကြောင့်
ယခု အချစ်ပွဲမှ
ကျွန်ုပ် နှုက်ထွက်သည်….
သင်…သွားလိုရာသွားနိုင်ပြီ……။              ။

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

သင်…ဆော့ကစားရာ
ကျွုန်ုပ် ရင်ခွင်သည်
ဒဏ်ရာများဖြင့်သာပြည့်နှက်နေလေပြီ……
သင်…အသုံးချရာ
ကျွန်ုပ် မာနများသည်
လေလွင့်ပျက်စီးခဲ့လေပြီ…..
သင်…လွှင့်ပစ်ထားသည့်
ကျွုန်ုပ်အသည်းနှလုံးသည်….
နာကျင်လွန်းလှလေပြီ…..

commentinfo By: May Kha at Nov 3, 2011
Comment #2

ကောင်းတယ်ဗျာ
အားပေးနေပါသည်

Comment #3

အားးးးးးးးးးကောင်းလိုက်တာဗျာ။
တကယ်ပဲ..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 4, 2011
Comment #4

wow,,,,
so strong…
tin twar lo yar twar naing p de lar?
he,,he,, army usage

commentinfo By: ei lay at Nov 14, 2011
Comment #5

ကောင်းလိုက်တာ အားပေးသွားပါတယ်

commentinfo By: ma at May 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment