Professional Authors

စူးနေတဲ့ဆူးအတွက် နောက်ဆုံးအကြိမ် တောင်းပန်ခြင်း

ကြမ္မာဆိုးက လည်ပင်းထိ တက်ငင်တော့
ငါ အသက်ရှု ကြပ်လာတယ်
ဘယ်ဘက် ရင်အုံ က
နှလုံးခုန် သံတွေ က
ငါ့ ကိုယ် ငါ ပြန်ကြားနိုင်လောက်အောင်
စနက်တံ တွေဖြုတ်ထားတယ်
လမ်းခွဲတေး တစ်စုံ  က
နောက်တစ်မျက်နှာ လှန်ပီးသည်ထိ
မြည်ဟီးနေမှတော့
ဓါတ်ပြားဟောင်း ကိုပဲ အခါခါ ရှာဖတ်နေလိုက်တယ်
အဲ . . ဒီ . .  အခိုက် အတန့်  အတွက်
ငါ့ အသက် ခဏ ရပ် လိုက်           ပြီ           . .  . ၊၊          ၊၊

(၁)
ချစ်ခြင်းနတ်မင်းဟာ
ငါလို PSYCHO တစ်ယောက်အတွက်
အိပ်ရေးပျက်မခံခဲ့ဘူး
နေမင်းဘာသာဗေဒ အရ တော့
ငါ အထီးကျန်လွန်းတယ်
မနက်ဖြန် အသက်ရှုသံတွေ လွှင့်တင်နိုင်ဖို့ 
ဒီနေ့ အိပ်စက်ခြင်း တစ်ချို့ ကို သေခိုင်းပြီးပြီ
အဲဒီနောက် . . .  ငါ လွမ်းခြင်း အိပ်မက် ထဲက
ခုန်ထွက် အပြီးမှာတော့
ရှိုက်ကြီးတငင် ငိုကြွေးလိုက်တယ် 
အဖြူရောင်တွေ နက်လာတဲ့ နောက်မှာပေါ့ ၊၊              ၊၊

(၂)
ရင်တွေပြိုစေခဲ့သော ငါ့နတ်သမီးငယ်အတွက်
ဒဏ်ရာတစ်စုံ  ပေးအပ်ပွဲ အပြီးမှာတော့
နက်ရှိုင်းရင်ခွင်ဆီက ပဲ့တင်သံတွေပြန် လာ တယ်
အဖြူကို အရောင်မဆိုးခဲ့မိရင်
ငါ့ နင့်ကို သိပ်ချစ်တာ ပေါ့
ကျောက်ဖြစ်ရုပ်ကြွင်း ရဲ့ ဂုဏ်သတ္တိ အလိုအရတော့
ငါ နောင် နှစ်ပေါင်းများစွာတိုင် အေးခဲဖြစ်ဦးမှာပဲ
ဒါ . .  ပေ . . မဲ့ . .   
င့ါရဲ့  စီးဆင်းနေတဲ့ မြစ်ဟာ
ဘယ်တော့မှ အသက်ရပ်မသွားဘူး          ၊၊                 ၊၊

(၃)
နှောင်ကြိုး ဆိုတာမျိုး
မိမိ စုံမက်ရာ ကို အတင်းကုပ်တွယ် နေတုန်း ပဲ
င့ါရဲ့  အိပ်မက်မြို့ တော် အတွက်
ဧည့်သည်တွေကို ကန့် သတ်ထားတယ်
နောက် သံသရာ ပြက္ခဒိန် မှာ
လမ်းမှားဝင်လာမဲ့  ငါ့ လည်ဆွဲလေး အတွက် ပေါ့
နင့် နာကြည်းဒေါသ စကားလေးတစ်ခွန်းအတွက်တော့
ခုထိ ငါ့ အောက်နှုတ်ခမ်း ကို တင်းတင်း စိကိုက်ထားတုန်းပဲ
ငါ . . .နင့် ကို ရှင်းပြချင်ခဲ့တာ     
ငါဟာ နာရီလို လူစား မဟုတ်ရပါဘူး    ဆိုတာ            ၊၊              ၊၊

(၄)
မြစ်တစ်ခု မှာ နှစ်ခါ ရေမချိုးနိုင်သလိုပဲ
နင့်အချစ်ကို နောက်တစ်ခါ ဆိုတာမျိုး
တောင့်တလိုက်မိတိုင်း
လွဲနေတယ်
ချော်နေတယ်
ငါဟာ အချစ် ကို ဦးနှောက် နဲ့ ခံစားတတ်ခဲ့ပြီးမှာ
ပစ်မှတ်တစ်ခု လို နင့်မြှားတံ တွေ ကို
စောင့်စားနေတတ်ခဲ့ပြီ
ခုတော့ . . . ပုံရိပ်တွေ ကြည့်မှန်တစ်ချပ်မှာ
ထင်ဟပ်လာသလို မျိုး
နှလုံးသားမှာ ရောင်ပြန်တွေဟပ်လာတယ်
တန်ဖိုးတွေ တက်လာပေမဲ့
သတ်မှတ်ပေးမဲ့ ငါ့ လည်ဆွဲလေးဟာ
င့ါ အတွက် အကြိမ်ကြိမ် လက်ခါပြသွားတယ်
နင် နဲ့ ငါ့ အတွက် အပြေလည်ဆုံး ငြိနှိုင်းခြင်းဟာ
နောက်တစ်ကြိမ် ပြန်မဆုံဆည်းကြကြေးတဲ့        ၊၊                 ၊၊

(၅)
အမှန်တရားက ချပြတဲ့
အနှစ်သာရ ဆိုတာတွေ ကို
ငါ စားသုံးအပြီးမှာတော့
ငါ နင့်ကို ထာဝရ ချစ်ချင်လာတယ်
ဘ၀ခက်ဆစ်တွေ အတွက်
နင် င့ါကို ထာဝရ ပညတ် လိုက်ပေမဲ့
ငါ့ ကောင်းကင် ကို နင့်အတွက်
အလင်းဆုံး ဖွင့်ထားလိုက်ပြီ
ငါ့ ချစ်ခြင်းကို ပုံပြင် မဆန်ခဲ့ပေမဲ့
နင့်အတွက် အကောင်းဆုံး
ပုံပြောဖြစ်ခဲ့တဲ့ ငါ့အတွက်       
နင့်ကိုပဲ ဆက်ချစ်နေတော့မယ်  ဆိုတဲ့
ပစ်ဒဏ် တစ်ခု  
ငါ့ ကိုယ် ငါ ချောင်ပိတ် ချထားတယ်
အလင်းနှစ်တွေ အဆုံးထိ      
ငါ့ရဲ့  အတွေးအခေါ် တွေကို
 နင့် အတွက်  .  .  .  ကျောက်ချထားလိုက်တယ် ၊၊          ၊၊

နောင်တ ဆိုတာ လှလှပပ ထုပ်စည်းထားတဲ့
လက်ဆောင်မျိုးမဟုတ်ဘူး
လှလှပပ ချောင်ခိုဝင်ရောက်လာတဲ့ လက်သီးဗုံးတစ်လုံး
ငါဟာ အဲဒီနောင်တမျိုး အနက်ရှိုင်းဆုံး
ခံစားမှု အပြီးမှာ
ငါ့ ချစ်ခြင်းတွေကို
ပွင့်ပွင့်လင်းလင်း လှစ်ဟ ထားလိုက်တယ်

အိပ်မက်တွေကတော့ သေသွားခဲ့ပြီးပြီ ၊၊             ၊၊

လမင်းဇော်
[email protected]

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

အရမ်းကောင်းတဲ့ကဗျာလေးပါ…
အားပေးသွားပါတယ်……လမင်းဇော်ရေ

commentinfo By: yaewintaung at Nov 3, 2011
Comment #2

နှောင်ကြိုး ဆိုတာမျိုး
မိမိ စုံမက်ရာ ကို အတင်းကုပ်တွယ် နေတုန်း ပဲ
င့ါရဲ့  အိပ်မက်မြို့ တော် အတွက်
ဧည့်သည်တွေကို ကန့် သတ်ထားတယ်
နောက် သံသရာ ပြက္ခဒိန် မှာ
လမ်းမှားဝင်လာမဲ့ ငါ့ လည်ဆွဲလေး အတွက် ပေါ့

commentinfo By: May Kha at Nov 3, 2011
Comment #3

အားပေးသွားတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ် ၊၊

commentinfo By: လမင်းဇော် at Nov 4, 2011
Comment #4

wow,,,
so nice.

believe urself.
believe ur love.
face the problem.
accept the real situation.
live free.
pure ur mind.

commentinfo By: ei lay at Nov 11, 2011
Comment #5

loke so much that read again & again,

commentinfo By: ei lay at Feb 9, 2012
Comment #6

အိုးးးးးးးgood..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Feb 9, 2012
Comment #7

အမှန်တရားက ချပြတဲ့
အနှစ်သာရ ဆိုတာတွေ ကို
ငါ စားသုံးအပြီးမှာတော့
ငါ နင့်ကို ထာဝရ ချစ်ချင်လာတယ်

commentinfo By: အသဲကွဲမိုး at Jun 26, 2012
Comment #8

htet 1 khar 1 khar phat tine feeling ka po kaung lar de,

commentinfo By: ei lay at Jun 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment