Professional Authors

ဗလာနတ္တိမြို့မှလှိုက်လှဲစွာကြိုဆိုပါ၏ (terry)

ကတ္တရာလမ်းက
အငွေ့တထောင်းထောင်းနဲ့ 
ရွာရိုးကိုးပေါက်
လျှောက်သွားလို့ ကောင်းတုံး
ရွေ့ပြောင်းတောင်ရာလို
ငါ့ခြေထောက်ပဲ
တစ်ပင်တည်းကျန်ခဲ့တယ်

သူလည်းရေတစ်ပွက်
ငါလည်းရေတစ်ပွက်ပါပဲ
အငွေ့ပျံဖို့ အတွက်များ
အသည်းအသန်ရုန်းကန်နေရတယ်..လို့ 
သားသတ်ရုံရောက်မယ့်ခရီးမှ
ရှေ့ဆုံးကထွက်ဖို့ 
ဝီရိယရှိနေတာမျိုး

ရထားကပန်းတိုင်ကို
ခဏခဏဖြတ်လျှောက်ပြီးပေမယ့်
သံလမ်းကြီးကတော့
ဒီနေရာကလွဲရင်
ဘယ်မှမရောက်ဘူး
လမ်းခရီးမှာချောမွေ့ပါစ…ရထားလေးရယ်။

လက်နက်အစား
သက်ပြင်းတွေပဲချကြည့်မိတယ်
တစ်ခါခါတော့လည်း
အမေ့လုံချည်ကြားဝင်ပုန်းပြီး
လောကကိုလက်သီးပုန်းပြချင်တယ်။

အတွေးအခေါ်ကို
အသက်ရွယ်နဲ့တိုင်းပြီး
ပယ်တဲ့စာရင်းထဲပို့ လိုက်တယ်
တကယ်ပါ….
ဘ၀ဟာ
ချစ်သူတစ်ယောက်ဆိုရင်တောင်
စိတ်ကောက်ခံရတဲ့အချိန်ကများတယ်။

အခုတလော
ထွက်သက်နဲ့ ဝင်သက်ကြားမှာ
အချိန်တွေပျောက်ပျောက်နေတယ်
နောက်ဆုံးညနေက
ငါ့လိပ်ပြာကို
ငှားသွားတာ
ဘယ်သူလဲ………………။

ဒီအရပ်နဲ့ ဒီဇာတ်မို့ 
ကြိုးပြတ်တာက
အကြောင်းမဟုတ်ပါဘူး
သေတ္တာကိုဖွင့်ကြည့်မိသူပဲ
အပြစ်ရှိတယ်

လေတိုးသံလည်းမဟုတ်ဘူး
သစ်ရွက်လည်းမလှုပ်ဘူး
ကံကြမ္မာမဟုတ်သလို
လူပြောများတဲ့
သောကြာညဒဏ္ဍာရီလည်းမဟုတ်ဘူး
ဘယ်သူခူးခူး
မခူးခူး………….
ကိုယ့်ခေါ်သံကိုယ်ပြန်ထူးနေတဲ့အဖြစ်ကို
ဘယ်သူ့ ကိုမှအကြောင်းမကြားဖြစ်ဘူး။

                                                         terry (1.11.2011)6:00am
                                                  [email protected]

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

ရထားကပန်းတိုင်ကို
ခဏခဏဖြတ်လျှောက်ပြီးပေမယ့်
သံလမ်းကြီးကတော့
ဒီနေရာကလွဲရင်
ဘယ်မှမရောက်ဘူး
လမ်းခရီးမှာချောမွေ့ပါစ…ရထားလေးရယ်။

အဲဒီနေရာလေးကို အကြိုက်ဆုံးပဲဗျာ . . တစ်ပုဒ်လုံးကောင်းချက် ကိုတယ်ရီ
ဗလာနက္ထိ မြို့ ကို လာရောက်လည်ပတ်သွားပါကြောင်း 🙂

commentinfo By: လမင်းဇော် at Nov 3, 2011
Comment #2

ဒီအရပ်နဲ့ ဒီဇာတ်မို့ 
ကြိုးပြတ်တာက
အကြောင်းမဟုတ်ပါဘူး
သေတ္တာကိုဖွင့်ကြည့်မိသူပဲ
အပြစ်ရှိတယ်

လေတိုးသံလည်းမဟုတ်ဘူး
သစ်ရွက်လည်းမလှုပ်ဘူး
ကံကြမ္မာမဟုတ်သလို
လူပြောများတဲ့
သောကြာညဒဏ္ဍာရီလည်းမဟုတ်ဘူး
ဘယ်သူခူးခူး
မခူးခူး………….
ကိုယ့်ခေါ်သံကိုယ်ပြန်ထူးနေတဲ့အဖြစ်ကို
ဘယ်သူ့ ကိုမှအကြောင်းမကြားဖြစ်ဘူး။

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Nov 3, 2011
Comment #3

သောကြာညဒဏ္ဍာရီလည်းမဟုတ်ဘူး
ဘယ်သူခူးခူး
မခူးခူး………….
ကိုယ့်ခေါ်သံကိုယ်ပြန်ထူးနေတဲ့အဖြစ်ကို
ဘယ်သူ့ ကိုမှအကြောင်းမကြားဖြစ်ဘူး။..ဟုတ်တယ်..ဒီအတိုင်းပဲကောင်းတယ်….ခံစားချက်တိုက်ဆိုင်တယ်ဗျ
အားပေးလျှက်ပါ

commentinfo By: sharon myorr myor at Nov 3, 2011
Comment #4

ဘ၀ဟာ
ချစ်သူတစ်ယောက်ဆိုရင်တောင်
စိတ်ကောက်ခံရတဲ့အချိန်ကများတယ်။

အခုတလော
ထွက်သက်နဲ့ ဝင်သက်ကြားမှာ
အချိန်တွေပျောက်ပျောက်နေတယ်
နောက်ဆုံးညနေက
ငါ့လိပ်ပြာကို
ငှားသွားတာ
ဘယ်သူလဲ………………။
ကောင်းတယ်ဗျ ကိုတယ်ရီ ခင်ဗျား ကဗျာတွေ ပိုပိုကောင်းလာတရ်
အားပေးနေပါတယ်

Comment #5

အတွေးအခေါ်ကို
အသက်ရွယ်နဲ့တိုင်းပြီး
ပယ်တဲ့စာရင်းထဲပို့ လိုက်တယ်
တကယ်ပါ….
ဘ၀ဟာ
ချစ်သူတစ်ယောက်ဆိုရင်တောင်
စိတ်ကောက်ခံရတဲ့အချိန်ကများတယ်။
ကြိုက်တယ်ဗျာ

commentinfo By: ridd at Nov 3, 2011
Comment #6

ဒီအရပ်နဲ့ ဒီဇာတ်မို့ 
ကြိုးပြတ်တာက
အကြောင်းမဟုတ်ပါဘူး
သေတ္တာကိုဖွင့်ကြည့်မိသူပဲ
အပြစ်ရှိတယ်

commentinfo By: May Kha at Nov 3, 2011
Comment #7

ကောင်းတယ်ဗျာ

commentinfo By: Arker at Nov 3, 2011
Comment #8

ဒီအရပ်နဲ့ ဒီဇာတ်မို့ 
ကြိုးပြတ်တာက
အကြောင်းမဟုတ်ပါဘူး
သေတ္တာကိုဖွင့်ကြည့်မိသူပဲ
အပြစ်ရှိတယ်
ကောင်းတယ်ဗျာ..ဒီစာသားလေးကိုပိုကြိုက်တယ်။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 4, 2011
Comment #9

ဘဝဟာ
ချစ်သူတစ်ယောက်ဆိုရင်တောင်
စိတ်ကောက်ခံရတဲ့အချိန်ကများတယ်။ ကောင်းပါ့ဗျာ ဘာမှမရှိတဲ့မြို့ကို ဘာမှမသိတဲ့လူတစ်ယောက်လာရောက်လည်ပတ်သွားကြောင်းပါ ~ ~

commentinfo By: X - ray at Nov 12, 2011
Comment #10

အားပေးတဲ့ သူအားလုံးကို အထူတလည်ကျေးဇူးတင်ရှိကြောင်းပါ…
ခရီးလွန်နေ၍ ကော်မန့် ချက်ချင်းမပြန်နိုင်သည် ကို ခွင့်လွှတ်ကြပါ ခင်ဗျာ…. 😀

commentinfo By: terry at Nov 13, 2011
Comment #11

အရမ်းအရမ်းကြီးကို ကြိုက်တယ်ဗျို့…

commentinfo By: အသဲကွဲမိုး at Dec 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment