Professional Authors

အလွမ်းတွေ မရှိတဲ့ အရပ်ဆီ

အတွေးတွေကို မျှောလိုက်တော့

အလွမ်းက ရင်ဘက်မှာ

ခိုကိုးရာမဲ့

 

ဘာမှ ချပြစရာမရှိပါပဲ

ဆို့နစ်နေတဲ့ ညတွေက

တဒင်္ဂလေး

ဖွင့်ဟနေလိုက်တာများ

ရစရာမရှိလိုက်တာ

 

မလွမ်းချင်ပါလဲ လွမ်းနေရတဲ့ အဖြစ်က

လသာတိုင်းလဲ ဘယ်တော့မှ မပြည့်ခဲ့ပါဘူး

 

လွမ်းတာတွေ သူမသိစေချင် သလို

လွမ်းဖို့တောင် အခွင့်အရေး မရှိခဲ့ပါဘူး

အလွမ်းတွေ မြိုချတိုင်းလည်း

မြိုသိပ့်ခြင်းတွေက တပျစ်တောက်တောက်နဲ့

အလွမ်မရှိတဲ့ အရပ်ဆီ..

အက်ကွဲကွဲ သံယောဇဉ်နဲ့….

ဝေးရာ ပျံသန်းလိုက်ချင်…..

ဌက်တွေလို…

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

lwan phoe a kwint yae taung ma shi bu so dot ta nar like tar.
koh ko kou ma pine tar ko.
he,,h,,

commentinfo By: ei lay at Nov 2, 2011
Comment #2

အလွမ်းတွေ နေတဲ့ အရပ်က နေ အလွမ်း မရှိတဲ့ ဆီကို လည်း ရောက်ခဲ့ ပါတ်

Comment #3

ကဗျာက စကားလုံးအသီအကုံးလေးတွေ သိပ်ကိုလှတယ်ဗျာ
ဖတ်သွားတယ် ~~

With respect,
RAY

commentinfo By: X - ray at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment