Professional Authors

ည(၆)

လွမ်းဆွတ်နေတဲ့ မိုးစက်တွေလိုပါ

အတွေးတွေ ဖြေစရာမရှိအောင်

ဆွတ်ဆိုနေခဲတယ်..

 

တစ်စက်ချင်း ကြွေကျသွားတဲ့

နေ့ရက်တွေလိုပဲ

ပျော်စရာမရှိ တမ်းတစရာမရှိနဲ့

ငါကိုယ်ငါလည်း အခုထိ

အဓိပါယ်ဖွင့်နေဆဲ

 

စိတ်ပျက် လက်ပျက်

ငေးငိုင်နေမိခဲ့တဲ့

ဖြစ်တည်ခြင်းတွေက

ငါ့ကို နင်းချေနေတာများ

မကြည့်ဝံစရာ

 

ညရဲ့ လဲလှောင်ခြင်းတွေမှာ

တမ်းတစရာတွေ ချိတ်ဆွဲနေသလို

လေးလံ ထိုင်းမှိုင်းနေတဲ့

လက်တံတွေ

ဒီရင်မှာ ခိုပြီးရင်းခိုလို့

သောကများနေတဲ့ ခုန်မင်ခြင်းတွေက

အခုထိလည်း  လှောင်နေကြတုန်း

 

ထားလိုက်ပါ…အရာရာကို

ငါမလိုချင်သလို

ပေးချင်တိုင်း မရတာကလည်း

အပြစ်မဟုတ်ခဲ့ပါဘူး

 

ဘာဖြစ်ဖြစ်ငါ ရင်ဆိုင်ရဲပါတယ်

 

ဒါပေမယ့်

နင်ပစ်ခွာသွားတဲ့ ဘ၀မှာ

ငါခိုလို့ လိုက်ပါလာခဲ့တာက

ညရဲ့ အပြင်းဆုံး ဒဏ်ရာတွေ

အပျော်ကြူးနေသလိုပါပဲ

အိပ်ပျက်ခြင်းတွေ တိတ်တဆိတ်

ချင်းနင်းခံထားရတယ်

အခုညလည်း နဂိုညတွေလိုပါပဲ

မိုလင်းအုံးမယ် ထင်တယ်….

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

လက်လက်ဆက်ဆက် အသည်းကွဲ ထားပုံ ရတယ် နော် 😛
အားပေးသွားပါတယ်

Comment #2

ဟူး…………ဟူး……….
နဂိုလိုပဲ မိုးလင်းအုံးမယ်…
ဟုတ်တယ်….

Comment #3

a yar yar ko ngar ma lo chin ta lo,,,
pay chin tine ma ya ke tar le,,,,
ngar ye ku to kan pe pop.

commentinfo By: ei lay at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment