Professional Authors

ည(၂)

ညတွေက..

တစ်ညပြီး..တစ်ည..မရိုးနိုင်အောင်

အတွေးတွေ …

ချည်နှောင်ခံထားရတယ်…

 

လ…ကသာလိုက်တာလည်း

တစ်ခါတစ်ခါ….

ကောင်းကင်တစ်ခုလုံး

သူတစ်ယောက်ထဲလိုပဲ…

 

မင်းပြစ်ခြွေခဲ့တဲ့ပန်း

ဘာပန်းဖြစ်ဖြစ်…

ငါကောက်ယူမွှေးတိုင်း…

ပန်ဆင်ဖို့မဖြစ်နိုင်ရင်တောင်

အမြဲ….

အလွမ်းတွေ..ငါရင်ကို..ဝေစေတယ်…

 

(ပန်းတစ်ပွင့်ရဲ့ အဓိပ္ပါယ်လည်း..ငါနားမလည်ဘူး…နားလည်းမလည်ချင်ပါဘူး…ဖြစ်ချင်ရာဖြစ်ဆိုပြီး..

ဒါဏ်ရာတွေ …သြဘာမပေးနိုင်အောင်…တမင်မရေးခဲ့တဲ့ …ကဗျာ…လသာတုန်းလည်း…ဗိုင်းမငင်ချင်ဘူး..

ကိုယ်လျှောက်တဲ့လမ်း..နီးသလား..ဝေးသလားမသိ….မနက်ဖြန်ကို ..ရင်ထဲကကြက်တွန်မှ ..နိုးမှာလား..

အခုကတော့…အိပ်ရာဝင်တာပဲရှိတယ်….အိပ်လို့မရတာ..တော်တော်ကြာပြီ..)

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

.မနက်ဖြန်ကို ..ရင်ထဲကကြက်တွန်မှ ..နိုးမှာလား..
ရ နံ့  ရဲ့  ညတွေ ကို ခံစားသွားပါတရ်

Comment #2

ညတွေက..

တစ်ညပြီး..တစ်ည..မရိုးနိုင်အောင်

အတွေးတွေ …

ချည်နှောင်ခံထားရတယ်…

ကြိုက်တယ်ဗျာ

commentinfo By: Village chat kyi at Nov 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment