Professional Authors

“ ကိန်းတွေမေးတဲ့ ပုစ္ဆာဆန်သောဒဿန ”

တစ် က နှစ် အကြောင်းတွေးနေတုန်း
နှစ် က ရှစ် အကြောင်းရေးတယ် ။

လေး ကပြောတော့ တစ်ဆယ် ပျောက်နေတယ်တဲ့
သူပျောက်နေချိန်မှာပဲ
ခြောက် ကလည်းဆိုးတယ်
ကိုး စီသွားနေသေးလို့လေ …

ငါး ကလည်းခပ်တုံးတုံး
သုံး အကြောင်းကို စာစီကုံးတော့
ခုနစ် နဲ့နှစ်ပါးသွားခြင်းတဲ့ … ။

အဲဒီလိုနဲ့ …
လေးလေးတွဲ့တွဲ့အိမ်မက်ဆိုး
ဂဏန်းတွေရေရင်းနိုးထဖို့
ကြိုးစားရတာ ကျွန်တော်များရဲ့
လူ့ ဘ၀လား … ?

In: ကဗျာ Posted By: Date: Oct 30, 2011
Comment #1

အဲဒီလိုနဲ့ …
လေးလေးတွဲ့တွဲ့အိမ်မက်ဆိုး
ဂဏန်းတွေရေရင်းနိုးထဖို့
ကြိုးစားရတာ ကျွန်တော်များရဲ့
လူ့ ဘ၀လား … ?

Leave Comments

Name*

Email*
Website
Email me whenever there is new comment