Professional Authors

မင်းရက်စက်တဲ့ ည….

ည….
နှင်းလဲမကျဘူး မိုးမရွာဘူး
သေချာတာ လမိုက်ည လဲမဟုတ်ပြန်ဘူး….
ဘယ်လောက်များအကျည်းတန်လိုက်သလဲ
ကြယ်ကြွေတာကို…
ရင်ကွဲပက်လက်ထိုင်ကြည့်နေတုန်း
လေညှင်းဆိုတာက
အေးစက်စက်လာထိတွေ့တဲ့ခဏတွေကို
ငါမပျော်နိုင်ပါဘူး……….
ခါးသက်သက်ကော်ဖီတစ်ခွက်နဲ့အတူ
ပြင်းရှရှသံစဉ်တစ်ပုဒ်လောက်
ငါ ဟစ်ကြွေးကြည့်ချင်တယ်……
နာကြင်တာတွေသက်သာမယ်ဆိုရင်…
ခဏလောက် အိပ်ပျော်လိုက်ချင်တယ်..
ည….
ကဗျာတွေကာရံ မညီတဲ့ည
ဂစ်တာအို တေးမဆိုတဲ့ည..
ညဥ့်ငှက်တွေတောင် ငိုနေတဲ့ည….
ဒဏ်ရာတွေ အသစ်ဖြစ်တဲ့ည…..
ရင်ခုန်သံတွေအသက်မဲ့ခဲ့တဲ့ည….
မင်းကြောင့်ရတဲ့ဒီတစ်ညကို
ငါအမှတ်တရသိမ်းထားမယ်..
မနက်ခင်းတစ်ခုကို မျှော်လင့်ရင်းနဲ့
အိပ်မက်ထဲခဏလောက် ကွင်းဆင်းလိုက်ဦးမယ်
ဒီတစ်ညကတော့ မလှပတာ အမှန်ပဲ……………..

In: ကဗျာ Posted By: Date: Oct 29, 2011
Comment #1

ကြိုက်တယ်ဗျို့………..ခေါင်းစဉ်ကြီးပဲ ဖတ်ကြည့်တော့ တစ်မျိုးကြီးပဲ ကဗျာပါဖတ်ကြည့်မှပဲ သိတော့တယ်…..:P

commentinfo By: Salai Peter at Oct 29, 2011
Comment #2

မနက်ခင်းတစ်ခုကို မျှော်လင့်ရင်းနဲ့
အိပ်မက်ထဲခဏလောက် ကွင်းဆင်းလိုက်ဦးမယ်
အားပေးသွားသည်

Comment #3

kaung zin ko kyike tar.

commentinfo By: ei lay at Oct 30, 2011
Comment #4

မင်းရက်စက်လို့..ညတွေက မလှပတော့တာထင်တယ်နော်..
ဟဲဟဲ..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 31, 2011
Comment #5

:'(
:'(
:'(

commentinfo By: ei lay at Nov 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment