Professional Authors

သူမသည် မုန်းလောက်အောင် အရောင်ပြောင်းတတ်၏

ငါ မှော်အတတ် မတတ်ပေမဲ့

ပဉ္စလက်ဆန်ဆန် အပြုံးမျိုးတော့ရှိရဲ့

သိမှ သိပါလေစ

လျှို့ဝှက်ခဲ့တာ(သို့)နေတာ မဟုတ်ဘူး

မသိစေချင်တဲ့အရာတွေကိုမှ

ပိတ်ကားပေါ်တင်စေချင်သလိုမျိုးလား

မရဘူး…….

ငါက ငါမဟုတ်ပေမဲ့

ငါက ငါလို့ သတ်မှတ်ခံထားရတယ်

ဒီတော့… ငါက ငါ့လို ပြုကျင့်ရဦးမယ်

 

တစ်ခါ တစ်ခါ မာနတွေကို ပုတ်နှိုးတယ်

တစ်ရံ တစ်ခါ အချစ်တွေကို ချော့ယူတယ်

တစ်ခါမှ တစ်လေ အမုန်းသင့်စေပြန်တယ်

 

ပြောကြည့်လိုက်ပါဦး

နင်ပြောနေကျ ချိုအီမြနေတဲ့ ပန်းဝတ်မှုံကြဲ အနာဂတ်တွေအကြောင်း

ငါခုထိ တစေ့တစောင်းလေးတောင် မရိပ်မိခဲ့ဘူး

ဆိုပါ ဆဲပါ အပြစ်တင်ပါ

ငါ့ရဲ့ နုံအ ညံ့ဖျင်း သေးသိမ်ခြင်းတွေအတွက်

ငါပြောနေကျ မှုန်ပြပြ မှောင်တလှည့် ဖျော့တလှည့် အနာဂတ်တွေကိုကျတော့

နင်ခုထိ ခပ်ပါးပါးလေးတောင် မနှစ်သိမ့်သေးဘူး

 

ဟားတိုက်ရီမိရဲ့

သူ့ရဲ့ မာနတွေနဲ့ ငါ…အဖျားတက်နေမိခဲ့

ငါ့ရဲ့ နုံအခြင်းတွေနဲ့ သူ ……

 

ငါမသိတဲ့ ငါ့အကြောင်း

သူ့ရဲ့ ငြိုငြင်မှုတွေနဲ့ ရေးမယ်

သူမသိတဲ့ သူ့ရဲ့ ကောင်းခြင်းတရား

ငါ့ရဲ့ အစွန့်ပစ်ခံ ချစ်ခြင်းတရားနဲ့ ရေးမယ်

 

တစ်ခါတစ်လေ နုံအယောင်ဆောင်ခြင်းဖြင့် သင့်အားထက်မြက်စေမည်…

 

 

ကြက်ခြေခတ်X

1.45am 3 feb 2011

 

In: ကဗျာ Posted By: Date: Oct 29, 2011
Comment #1

တစ်ခါတစ်လေ နုံအယောင်ဆောင်ခြင်းဖြင့် သင့်အားထက်မြက်စေမည်…
လုလင် အားပေးသွားသည်

Comment #2

နှစ်သက်မိပါတယ်ဗျာ…….

commentinfo By: Salai Peter at Oct 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment