Professional Authors

ကယောင်ကတမ်း

တိတ်ဆိတ်စွာပဲ အိပ်ချင်ခဲ့တာပါ
ဘယ်အရာကမှ စိတ်ထွက်ပေါက်မပေးပုံများ
အိပ်မက်ဆိုးထဲမှာတောင်မှ
အိပ်မက်ဆိုးတွေထပ်ထပ်မက်လို့
စိုးရွံမိပါရဲ့
ဒီလိုနေ့ရက်မှာ ဒီလိုတွေဖြစ်မှာကိုပေါ့
ခုတော့လည်း……

နင်မရှိရင် ငါမရှိဘူးလို့ ပြောခဲ့ဖူးရဲ့
သိပ်ချစ်ပါတဲ့အကြောင်း
တွဲလက်တွေအကြောင်း
တစ်သက်လုံးပဲ မခွဲတော့မဲ့အကြောင်း
ခုတော့ ဖတ်ကောင်းတဲ့ကဗျာသာသာလောက်ပဲကျန်တယ်
ငါ့ကိုငါပဲ နာလိုက်တော့တယ် ချစ်သူ…..

ငါနင့်ကိုချစ်လိုက်တာမှ မုန်းနေတာပဲ
ဘယ်သူမှမသိစေချင်လို့
ဘယ်သူမှလဲမသိစေဖို့
ခိုးခိုးမက်ထားတဲ့ အိပ်မက်တွေ
ပြီးတော့ နင့်အနားပြန်လာချင်တဲ့ ငါ့ရဲ့စိတ်တွေ
တစ်ဆိတ်လောက်တော့ ကြက်ခြေခတ်ပေးလှည့်ပါ
နင်သတ်မှ ငြိမ်းမဲ့မီး
ခုထိတော့ အလျှံတစ်ငြီးငြီးနဲ့ တောက်လောင်နေတုန်း…..

မေ့ထားချင်တဲ့နေ့စွဲတစ်ချို့ကြောင့်
ခုတော့ ငါခပ်ရိုးရိုးပဲနေထိုင်နေတာ
ဘယ်သူနဲ့မှ မပတ်သတ်တဲ့
ဘာမှမဟုတ်တဲ့ ကောင်မလေးတစ်ယောက်လုပ်နေတာ
ခပ်အအ စာတွေရေးပြီး
ခပ်ပေါပေါလို့ တစ်ချို့အပြောကိုခံနေတာ
ခပ်နာနာလေး လက်ရှိကို ပညာပေးနေခဲ့တာ
ငါ့ကိုယ်ငါ အမှားတွေ အထပ်ထပ်ခြစ်ချပစ်လိုက်တာ
အလွမ်းတွေနဲ့ နှီးနှောနေတာ
သိသိကြီးနဲ့ မျက်စိမှိတ်
ဘာကိုမှမသိချင်ယောင်ဆောင်နေတာ……

နင်မလွမ်းတဲ့ ငါ့ကိုယ်ငါလဲ မလွမ်းတော့ဘူး
နင်မရှိတဲ့ ငါ့နေ့တွေလဲ ငါမသိတော့ဘူး
နင်မမှန်လို့ ငါလဲ အမှားအမှန်တွေကိုမသိတော့ဘူး
နင်မချစ်တဲ့ ငါ့ကိုယ်ငါလဲ မခင်တွယ်တော့ဘူး
နင့်မသိတဲ့ ငါဟာလဲ ဘာမှကိုမသိတော့ဘူး
ဘာဆိုဘာမှ မ……သိ…တော့…ဘူး
ငါဘာမှကို မ……သိ…တော့…ဘူး
ဟုတ်တယ်
မ……သိ…တော့…ဘူး

ကြက်ခြေခတ်X
(ဒီနေ့ကိုမသိချင်ဘူး)

In: ကဗျာ Posted By: Date: Oct 29, 2011
Comment #1

har,,,,,,,,,,,
twar p……

commentinfo By: ei lay at Oct 29, 2011
Comment #2

ကောင်းတယ်ဗျာ ကဗျာလေး အရမ်းလှတယ်ဗျာ အရေးအသားက
မောင်မြတ်သူအားပေးနေပါကြောင်း 🙂

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 29, 2011
Comment #3

မေ့ထားချင်တဲ့နေ့စွဲတစ်ချို့ကြောင့်
ခုတော့ ငါခပ်ရိုးရိုးပဲနေထိုင်နေတာ
ဘယ်သူနဲ့မှ မပတ်သတ်တဲ့
ဘာမှမဟုတ်တဲ့ ကောင်မလေးတစ်ယောက်လုပ်နေတာ
ခပ်အအ စာတွေရေးပြီး
ခပ်ပေါပေါလို့ တစ်ချို့အပြောကိုခံနေတာ
ခပ်နာနာလေး လက်ရှိကို ပညာပေးနေခဲ့တာ
ငါ့ကိုယ်ငါ အမှားတွေ အထပ်ထပ်ခြစ်ချပစ်လိုက်တာ
အလွမ်းတွေနဲ့ နှီးနှောနေတာ
သိသိကြီးနဲ့ မျက်စိမှိတ်
ဘာကိုမှမသိချင်ယောင်ဆောင်နေတာ……
ကောင်းတယ်ဗျာ အားပေးနေပါတယ်

Comment #4

bar hma ma ti bu so p sut swe htar like tarr ko sone loh pe naw.
he,,he,,

commentinfo By: ei lay at Oct 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment