Professional Authors

လူကလေးရဲ့ အမှတ်အသား (မင်းသုဝဏ်)

“ဆွမ်းချက်ထစို့ လူလေးရယ်
နာရီကြည့်ပေါ့ကွယ်။”
 
“ငှက်ငယ်မြည်လို့ ရောင်နီမြူး
ကြည့်ဖို့လိုပါဘူး”
 
“သပြေသင်းတဲ့ သင်္ကြန်ချိန်၊
ကြည့်ပါ့ပြက္ခဒိန်။”
 
“၀င်းထိန်ဝေလို့ ပိတောက်မြူး
ကြည့်ဖို့လိုပါဘူး။”

မင်းသုဝဏ်

 
Obserbant Little One
Up, darling, let us cook
The almsfood; have a look
At the time
 
Little birds cheep,
The red rays peep
No need to look at the time.
 
Rose-apple’s scent Near
Surely, is the New Year,
Look up the date-
 
Padauk’s showy gold
The date has told,
No need to look up the date.

/*
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က တူကလေး တူမကလေးတွေအတွက် ဘိုးဘိုး ဒီကဗျာကလေးတွေ ရေးခဲ့တယ်။
ကွယ်လွန်သူ ဦးဘဥာဏ် ဆိုတဲ့ ပန်းချီကျော်ကြီးက အရုပ်တွေ ရေးပေးတယ်။ ဘိုးဘိုးရဲ့ ဆရာများဖြစ်ကြတဲ့ ကွယ်လွန်သူ “ကေ(ဦးခင်ဇော်)” နဲ့ ကလေးတွေကို အင်မတန် ချစ်တတ်တဲ့ “ပါပါကြီး” (ပါမောက္ခ လုစ်) တို့က ဘိုးဘိုးရဲ့ ကဗျာကလေးတွေကို
သီချင်းသံ သွင်းပေးတယ်။ အသံလက္ခဏာတွေနဲ့ ရေးပေးတယ်။ အင်္ဂလိပ်လိုလည်း ပြန်ရေးပေးတယ်။
အခုတော့ ဘိုးဘိုးလဲ အသက် ၉၃နှစ်ရှိပြီ။ (၁၀၊၂၊၁၉၀၉)။ မြေးကလေး မြစ်ကလေးတို့ကို ရှေးတုန်းက တူ တူမကလေးတွေလိုပဲ ဘိုးဘိုးရဲ့ သီချင်း ကဗျာကလေးတွေကို အပြစ်ကင်းစွာနဲ့ သီဆို ပျော်ရွှင်ကြစေချင်တာကြောင့် အခုတစ်ကြိမ် ကြိုးစားပြီး
ထပ်မံထုတ်ဝေလိုက်ပါတယ်။
မြေးကလေး မြစ်ကလေးများ မနက်ခင်း ချိုးကူသံကလေးလို သာသာယာယာ သီဆိုပျော်မြူးနိုင်ကြပါစေ။
ဘိုးဘိုးမင်းသုဝဏ်
သပြေညို
အမှတ် ၁၈၊ ထွန်းလင်းရိပ်သာ၊ ကမာရွတ်။
၁၃၆၃ ခု၊ တန်ခူးလ။

/*မောင်ခွေးဖို့ ကဗျာများ စာအုပ်မှ*/

Leave Comments

Name*

Email*
Website
Email me whenever there is new comment