Professional Authors

သံသယ

မိဘကို သံသယ၀င်နေမိတယ်

သေဆုံးခြင်းကိုသိစေဖို့ မွေးဖွားခဲ့လေတာလား။

သားချင်းတွေကို သံသယဖြစ်နေမိတယ်
ညီမျှခြင်းအကြောင်း ငါ့ကိုပြောစေချင်တာလား။

ချစ်သူကို သံသယဖြစ်နေမိတယ်
မုန်းတတ်အောင် ပြုစားနေတာလား။

သင်ကြားခဲ့တဲ့ဆရာတွေကို သံသယ၀င်နေမိတယ်
မသိခြင်းရဲ့ကျေနပ်စရာတွေကို ပြချင်လို့ သင်ကြားခဲ့ကြတာလား။

ငါ့ကိုငါလည်း သံသယဖြစ်မိပြန်တယ်
အသိတရားတွေနဲ့ပိတ်လှောင်ပြီး
ငါ့ကိုငါ သေဆုံးစေခဲ့တာလားလို့လေ။ ။ ။

In: ကဗျာ Posted By: Date: Oct 27, 2011
Comment #1

chit thu ko ran ta ya pyit nay mi de.
mone tat aung pyu sar nay tar lar.
ma hnake sat pe ma nay naing tar lar.

commentinfo By: ei lay at Oct 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment