Professional Authors

!!! ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ !!!

စေတနာဆိုတာရောင်ပြန်ဟပ်တယ်ဆိုတဲ့

လှောင်ပြုံးတစ်ခုကြောင့်ငါမီးလောင်သွားတယ်


ဒါဟာလဲမရှိမဲ့ရှိမဲ့မာယာတွေနဲ့သူဇတ်သူရေးနေတာ

ထားခဲ့ဘူးတဲ့သံယောဇဉ်တွေလဲတစ်နပ်ပြီးတစ်နပ်

ငါပိုင်တာတွေသူတို့အကုန်ယူသွားတယ်

ခင်ဗျာလဲတစ်နေ့တော့သိမှာပါ

………စသည်ဖြင့်တွေကိုရောပေါ့

ကြွပ်ကြွှပ်အိပ်တွေနဲ့အတူငါလဲဆွေးမြေ့ဖို့ခဲယဉ်းတယ်


ဒီကိစ္စတွေက ကိုယ့်ကိုကိုယ်ပြန်ညစ်ညမ်းဖို့အတွက်

ဖြစ်လာတာလားဆိုပြီးနှဖူးပေါ်ပဲလက်တင်မိတယ်


ဘာမှတော့မဟုတ်လောက်ပါဘူး

” ဘ၀ ” ထဲကမသင်ရသေးတဲ့

သင်ခန်းစာအသစ်တစ်ပုဒ်လောက်ပဲဖြစ်မှာပါ…

နောက်ကျောကိုထိုးတဲ့ဓားဒဏ်ရာလောက်နဲ့တော့

သေဆုံးလို့ဘယ်ဖြစ်အုန်းမလဲ

ပြောသွားတာကတော့ ပြေးသွားသလိုပဲ ဖြောင့်လို့


သူလိုငါလိုလူတွေကြား

ဘာကောင်တွေထပ်ပေါ်လာအုန်းမလဲစောင့်နေသေးတယ်

အေးဆေးပါ ငါလဲရင့်ကျက်သင့်သလောက်ရင့်ကျက်နေပြီပဲ

မယုံရဘူးဆိုတဲ့စကားကငါကိုမျက်စိတစ်ဖက်မှိတ်ပြတယ်

တစ်ခုတော့ပြောခဲ့မယ်

**  ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ  ** ။    ။

ဒီလူ(တောင်တွင်းကြီး)

 

ဒီရာလေးတွေကိုကလစ်ပြီးလာရောက်အားပေးကြဖို့လဲဖိတ်ခေါ်ပါတယ်ခင်ဗျာ

http://dlutaungdwingyi.blogspot.com/

http://htoonaingwint.multiply.com/

In: ကဗျာ Posted By: Date: Oct 26, 2011
Comment #1

ကောင်းလိုက်တဲ့.ကဗျာလေးဗျာ….
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 26, 2011
Comment #2

ကောင်းတယ်ကိုဒီလူကြီးရေ မိုက်တယ်ဗျာ
ဒါဟာလဲမရှိမဲ့ရှိမဲ့မာယာတွေနဲ့သူဇတ်သူရေးနေတာ

ထားခဲ့ဘူးတဲ့သံယောဇဉ်တွေလဲတစ်နပ်ပြီးတစ်နပ်

ငါပိုင်တာတွေသူတို့အကုန်ယူသွားတယ်

ခင်ဗျာလဲတစ်နေ့တော့သိမှာပါ

………စသည်ဖြင့်တွေကိုရောပေါ့

ကြွပ်ကြွှပ်အိပ်တွေနဲ့အတူငါလဲဆွေးမြေ့ဖို့ခဲယဉ်းတယ်
တစ်ခုတော့ပြောခဲ့မယ်

** ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ ** ။ ။

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 26, 2011
Comment #3

တော်တော်ကိုနှစ်သက်တယ်..ဗျာ…..
အပိုဒ်တိုင်း…….
ဝါကျတိုင်း………….
စကားလုံးတိုင်း………..
အားပါတယ်…..။
အနှစ်သက်ဆုံးကတော့
!!! ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ !!!

commentinfo By: terry at Oct 26, 2011
Comment #4

ငါယုံတပ်တယ်….ငါ့ကိုလိမ်ပါ

commentinfo By: ၇ှင်မ at Oct 26, 2011
Comment #5

လာ လိမ် သွားပါတယ်ခင်ဗျာ

Comment #6

lane hman ti de.
bar hma ko ma pyaw bu.
aye say pe.
kwint hlut de. a yan chit loh.
be a chain hti soe naing hmar le?
min loak naing ta lout loak pop.
min maw lar yin nar phoe koh se pyan lar ke.a chain ma ywe.

commentinfo By: ei lay at Oct 27, 2011
Comment #7

သူလိုငါလိုလူတွေကြား

ဘာကောင်တွေထပ်ပေါ်လာအုန်းမလဲစောင့်နေသေးတယ်

အေးဆေးပါ ငါလဲရင့်ကျက်သင့်သလောက်ရင့်ကျက်နေပြီပဲ

မယုံရဘူးဆိုတဲ့စကားကငါကိုမျက်စိတစ်ဖက်မှိတ်ပြတယ်

တစ်ခုတော့ပြောခဲ့မယ်

** ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ ** …ဒါပေါ့ကွ …ဒီလူဆိုတာ ..အားပေးတာထက်ပိုတယ်ဗျို့ 

commentinfo By: sharon myorr myor at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment