Professional Authors

အိမ်

လကလေး ထိန်ထိန်
အရောင်မမှိန်ပဲ
သားငယ် လူလှ
ပျော်ရွှင်ပြကာ
အေး ချမ်း ဆော့ကစား
ငြိမ်းချမ်းသည့်အိမ်
ပြည့်စုံသည့်အိမ်
သာယာသည့်အိမ်မို့
ကလေး လည်းပျော်
လူ ကြီးပျော်ကာ
အိမ်နီးချင်းငေး
အံသြသည့်အိမ်
အနာဂါတ်ဝယ်
ထွန်းကားလာမည့်
ဖွံဖွံထွားထွား
သားလှရတနာ
ပိုင်ဆိုင်ထားပြီး
ချစ်သည့် ဇနီးနှင့်
ကောင်းသည့်လင်သား
စိုးမိုးသည့် ဒီအိမ်
ဂုဏ်ရည် ရယ်တိုး
ရပ်တွင်း ရွာတွင်း
အကျိုးများ ကို
စဉ်မျှော်ကိုးလို့
စိတ်ရှိတိုင်းပါ
စိတ်တိုင်းသာသည့်
အများ လေးစား
အားကျ ရသည့်
ထို အိမ် ကလေးဟာ
ကျွန်တော် “အိမ်´´ လေဗျာ…..။

(ဆုတောင်း-ကျွန်တော်လို အိမ် မျိုး လူတိုင်း ပိုင်နိုင်ပါစေဗျား…………………………။)

In: ကဗျာ Posted By: Date: Oct 26, 2011
Comment #1

ပေးတဲ့ ဆုတောင်းနဲ့ ပြည့်ပါစေ ဗျာ

Comment #2

nice

commentinfo By: ei lay at Oct 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment