Professional Authors

ကာရန် မညီသော

ချစ်သူ

အပြစ်မယူပါနဲ့  

ငါ့ ဘ၀ရဲ့ ညတွေမှာ လ က မသာခဲ့ လို့ ပါ

 

ချစ်သူ

အပြစ်မယူပါနဲ့ 

အချစ် ကို ကဗျာဆန်လို့ ရပေမဲ့ 

ဘ၀ဆိုတာ ကဗျာဆန် လို့ မှ မရတာ

ချစ်သူ

အပြစ်မယူပါနဲ့ 

ဘ၀ ဆိုတာတိုက်ပွဲ တဲ့ 

ဆိုရိုး စကား ငါ့ အတွက်သာရည်ညွှန်း ခဲ့ လေရော့ သလား

နင်မျှော်လင့် သော ဘ၀ တစ်ခု

စိတ်ကူးနဲ့  တောင် ငါတည်ဆောက်မပေး နိုင်ခဲ့ 

်တိုက်ပွဲ ဆန် တဲ့ ဘ၀မို့ ပါ

ချစ်သူ

လွတ်လပ်စွာပျံသန်းနိုင်ခွင့်

နင်မျှော်လင့် ခဲ့ တယ်နော်

ချစ်သူ

အပြစ်မယူလိုပါ

နင့် စိတ်တိုင်းကျ

လိုရာကောင်းကင် ရွေးချယ်ကာပျံသန်းပါတော့           

ငါ့ကောင်းကင်မှာ တာရာမစုံလင်ခဲ့ လို့ ပါ

 

 

 

 

In: ကဗျာ Posted By: Date: Oct 25, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

အားပေးသွားပါတယ်ဗျာ

commentinfo By: ကြယ်စစ်သည် at Oct 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment