Professional Authors

“ အမေပြောတဲ့ ယောနသန်ကြယ် ”

[Edit]

အမေပြောတဲ့ ယောနသန်နဲ့
အိပ်ရာတွေဝင်ခဲ့တဲ့ ကျွန်တော်လေ
ဘယ်တုန်းကမှ မတွေဝေခဲ့ပါဘူး … ။

ရည်ရွယ်ချက် လမ်းပေါ်ရောက်ဖို့
အခုတော့ …
သား လှမ်းလျောက်နေပါပြီ … ။

ကြမ်းတွေကလည်းမာ
လ ကလည်းမသာပေမယ့်
ကိုယ်ပိုင်အလင်းနဲ့ ခင်းလျောက်ပါ့မယ် အမေ … ။

အခြေခိုင်မြဲ မယိုင်လဲအောင်
ဟော့ဒီ့ကောင်လေးကို
ထိန်းပေးပါဦး အမေ … ။

သားရဲ့ စိတ်ကူးယဉ်ဆန်ဆန်ပျိုးခင်းလေးမှာ
မျှော်လင့်ခြင်း နဲ့ မျှော်လင့်ချက်တွေ
သဲ့သဲ့လေးလက် နေပါပြီ … ။

အုံအုံသည်းသည်း လေနဲ့မိုးကိုလည်း
အမေပေးတဲ့ ယောနသန်ဇွဲနဲ့
အံခဲပြီး အေးမြစေပါ့မယ် … ။

ငါ့ အလှည့်ကျမှ ပြန်သဲပြမယ့်
စိတ်မျိုးကိုလည်း
ဟိုးအပြင်ကမ္ဘာထဲမှာ ပစ်စွန့်ခဲ့ပါပြီ … ။

ဖြစ်နိုင်မယ်ဆိုရင်ပေါ့ အမေ …
ကြယ်စစ်သည်ရဲ့ စွမ်းအားနဲ့
အနိမ့်စံပန်းများကို ထမ်းထားချင်ပါတယ် ။

ယောနသန်ဇင်ယော်ပုံပြင်ကို ပြောပြီးသိပ်တတ်တဲ့
အမေနဲ့ ကျွန်တော့်ရဲ့ ငယ်စဉ်အချိန်တွေကို ပြန်လည်တမ်းတမိပါတယ် ။
( အရာရာဟာ သေချာခြင်းတို့နဲ့ ဝေးလွန်းလေစွ )
အမေ့ကို ဦင်္းညွတ်လျက် …..

In: ကဗျာ Posted By: Date: Oct 25, 2011
Comment #1

အားပေးသွားပါသည်

Comment #2

အားပေးသွားတယ်နော်..

commentinfo By: May Pearl at Nov 3, 2011
Comment #3

ဟုတ် ကျေးဇူးပါခင်ဗျာ

commentinfo By: ကြယ်စစ်သည် at Dec 18, 2011
Comment #4

သားရဲ့ စိတ်ကူးယဉ်ဆန်ဆန်ပျိုးခင်းလေးမှာ
မျှော်လင့်ခြင်း နဲ့ မျှော်လင့်ချက်တွေ
သဲ့သဲ့လေးလက် နေပါပြီ … ။

အုံအုံသည်းသည်း လေနဲ့မိုးကိုလည်း
အမေပေးတဲ့ ယောနသန်ဇွဲနဲ့
အံခဲပြီး အေးမြစေပါ့မယ် … ။

Comment #5

ကြမ်းတွေကလည်းမာ
လ ကလည်းမသာပေမယ့်
ကိုယ်ပိုင်အလင်းနဲ့ ခင်းလျောက်ပါ့မယ် အမေ … ။

သိပ်ကောင်းတယ်ဗျာ….

commentinfo By: Sai N Lay at Dec 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment