Professional Authors

သေတမ်းစာ – နရီထက်

မွှေးသောပန်းများ ကြွေလွင့်ကစား
နွမ်းရာမပါ ခမ်းရာမတွေ့
အရှင်လတ်လတ် ရှင်သန်စေ….

မှေးမှိန်ခစား
တိမ်လွှာ ပိတ်မှောင် နှောင်ရစ် သပ်လျှိုး
စွမ်းအားတည်စေ သည်ငွေကြယ်တွေ
လွင့်မျောပဲ့ကြွေ ကြွေရမည့်အဖြစ် …
မနှောင့်မနှေး ရပ်တန့်စေ…

မာယာ တွယ်ရစ်
အကောက်အကွေ့ ကြား အမည်ကျန်နှစ်
ရာစုကျော်ရစ် သမိုင်းတစ်ခေတ်ခေါ်တွင်စေရန်
တိမ်ကော် အသက် ကျဉ်းမြောင်း ခန္ဒာ သည်မြစ်ပြင်အား
မဆွေးသေးဘဲ ဆက်စီးစေ…

ပူလောင်သက်သွင်း
မဲ့ရွဲ့ မျက်နှာ ချော်ရည် အပြည့်
သွန်းချမည့်ဟန် မျိုသိပ်ရင်ကွဲ သည်မီးတောင်အား
မဆုတ်မနှစ် အေးမြရစ်နှောင် စိတ်ငြိမ်စေ…

စိမ်းစို သက်လွှာ ကတ္တီအခင်း
သစ်ဝန်းကျင်အား..
ပြုန်းတီးအရှက် ဗလာအကျင်း
ရှင်ကွဲ ထွက်စေ ပျက်စီးခြင်းမှ ရှောင်ဖယ်စေ…
(ဆက်လက်စိမ်းမြစေ…)

ကပ်ဆိုးသက်ထား အမှောင်သခင်
ငတ်မွတ်ရှင်ဆိုး…
ပျက်စီးသယ်ဆောင် သဘာဝကုန်သည်အနှောင်
ရာသီဆိုးများ ငြိမ်ဝပ်ခတွား ငြိမ်းချမ်းစေ….

လင်းရဖို့အတွက် ပူလောင်ခြင်းတွေ
ထဟုန်းမာန လောင်ကျွမ်းစေပါး
မီးတောက်လျှံများ…
ထာဝရအေးမြအား ပိုင်ဆိုင်စေ….

အိုမင်းရင့်ပါး ငါ ကမ္ဘာမြေငယ်
မရှိနောက်ပိုင်း …
သည်ထွက်ဆိုချက်များ…
သက်သေမလို ကန့်ကွက်မရှိ
တရားမျှတစွာနှင့်…
အသင်တို့တွေ ပိုင်ဆိုင်စေရန်…
ငါ ( ကမ္ဘာမြေငယ်) ကတိက၀တ်ပြုလိုက်သည်….။      ။

နရီထက်
( ၂၅ ၊ အောက်တိုဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Oct 25, 2011
Comment #1

ကောင်းမွန် တဲ့ သေတမ်းစာ ပါပဲ
အားပေးနေပါတယ်

Comment #2

ဒီသေတမ်းစာဖတ်ရတာစိတ်ကြည်နူးတယ်
perfect words !

commentinfo By: sharon myorr myor at Oct 25, 2011
Comment #3

စကားလုံးအသုံးနှုန်းကတော့ အရမ်းလှပါတယ်ဗျာ၊
အေးချမ်းစေမဲ့ သေတမ်းစာလေးပါ။
အားပေးသွားတယ်

commentinfo By: harris at Oct 25, 2011
Comment #4

ကိုကြိး ဒိသေတမ်းစာက ဘာနဲ့ တူလဲဆိုတော့ မေတ္တာ ပို့တာနဲ့ အေးချမ်းတယ် ကဗျာလေး ကောင်းတယ်ကိုကြိး။

commentinfo By: thuya at Oct 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment