Professional Authors

“ရူးသွပ်ခဲ့ဖူးသောလူညံ…”

ခပ်တည်တည်ကြီးနဲ့
နားလှည့်ပါးရိုက်ခံနေရတဲ့ဘ၀ကြီးကို
နာကြည်းလွန်းလို့ဖွင့်အံထုတ်မိတော့
ရူးနေပြီလို့နာမည်ပေးခံရရဲ့
မီးကျိုးမောင်းပျက်အမှန်တရားကို
ဈေးပေါင်ကျိုးအထိလိုက်ရှာခဲ့လည်း
ခပ်ပေါပေါမုသားတွေနဲ့ပဲ
တစ်ဆောင်းသစ်ခဲ့ပြန်တယ်
မျက်စိမှိတ်ယုံကြည်မိခြင်းရဲ့နောက်ကွယ်က
ထပ်ခြပ်မကွာပါလာသောရက်စက်ခြင်းဓါးသွားကို
မရှောင်နိုင်မိလို့ကွဲခဲ့ရသောရင်
သွေးခြင်းခြင်းရဲပါပေါ့လား…
လမ်းပျောက်နေသောအမှန်တရား
သေလုမျောပါးသစ္စာတရားး
ကိုယ့်ကိုယ်ကိုဘာမှန်းသေချာမသိခဲ့ခြင်းများ
နွေရွက်ကြွေများအဆုံး၌
သင့်အားမုန်းခဲ့ပြီ…။

In: ကဗျာ Posted By: Date: Oct 25, 2011
Comment #1

ကိုယ့်ကိုယ်ကိုဘာမှန်းသေချာမသိခဲ့ခြင်းများ
နွေရွက်ကြွေများအဆုံး၌
သင့်အားမုန်းခဲ့ပြီ…။

Comment #2

ကျေးဇူးတင်ပါတယ်ကိုလုလင်ရေ
ကျနော့်ကဗျာတွေကတော့တော်တော်လိုသေးတယ်ဗျ
လိုတာလေးတွေရှိရင်အားမနာမ်းဝေဖန်ပေးပါခင်ဗျာ
အားပေးတာကိုကျေးဇူးတင်ပါတယ်
မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) 🙂

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 26, 2011
Comment #3

difficult to understand

commentinfo By: ei lay at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment