Professional Authors

ဝှက်ဖဲမဲ့ လက်တွဲခရီးဆက်စို့

တရားမင်းမသိတဲ့ လောကဇာတ်ခုံပေါ်မှာ
ကျန်ရစ်နေတဲ့ ဝှက်ဖဲတစ်ချက်
သဏ္ဍာန်မဲ့ မြားချက်တွေလို့ နှလုံးသားထဲ
ဆူးနစ်ဝင်ရောက်ထိုးဖောက်ခဲ့ ပန်းချီတစ်ချက်ကတော့
လှပစွာ သေသေသပ်သပ် အစွမ်းကုန် က ပြနေတုန်း…။

တရားခွင်မှာ ရင်ဆိုင်တိုက်ပွဲဝင်နေတုန်း
တရာခံဖဲချက်က မာယာတွေမြူဆွယ်မှုအပြည့်
ချိုသာသော စကားတွေ ဘန်းပြအလင်္ကာဖွဲ့ရင်း
မှောက်လှဲသွားတဲ့ အမှန်တရားက ထောင်အတွင်းမှာ
အိပ်စက်လို့ နှစ်ရှည်ကြာခဲ့တာ အခုထိပေါ့..။

လောကဓံကြိုးဝိုင်းပေါ်မှာ အမှန်တရားအတွက်
ထိုးကွက်ကောင်းကောင်းနဲ့ ဝိုင်းအတွင်းကို
မှောက်ချင်သလို မှောက် လှန်ချင်သလို လှန်
တန်ပြန်တိုက်ခိုက် စိန်ခေါ်တိုက်ပွဲဝင်ရင်း
မာယာထောင်ချောက်တွင်း ဝင်ရောက်သွားမိတာ
သူမသိသော ဝှက်ဖဲတစ်ခုကြောင့်ပေါ့…။

မင်းနဲ့ငါ ပြိုင်ပွဲဝင်ခဲ့ပြီး မျက်လုံးခြင်းစစ်ဖြစ်ခဲ့တာ
နှစ်တွေကြာရှည်ခဲ့ပြီ နှလုံးသားခြင်းလည်း
ကိုယ်စီသိရှိခဲ့တယ် မျဉ်းပြိုင်ခြင်းလည်း တူညီခဲ့တယ်
သို့သော် ကိုယ်စီရင်မှာ ဝှက်ဖဲတွေနဲ့ ကစားကြရင်
အချစ်က ကမ္ဘာစစ်လည်း ဖြစ်ခဲ့ပြီ
ငြိမ်းချမ်းရေးလည်း ဝေးခဲပြီ
လွတ်လပ်မှုလည်း ဝေးကွာသွားခဲ့ပြီ
ကျဆုံးမှုလည်း များခဲ့ပြီ
အခုတော့ မင်း ဘာလုပ်မှာတုန်း
မင်းနဲ့ငါ လက်နက်ချလို့ ဝှက်ဖဲတွေ အတိက်မှာထားခဲ့
အနာဂါတ်လက်သစ်လောင်းသော ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းတွေလမ်းခင်းရင်း
မာကျောနေတဲ့ ကျောက်ထက်မှာ အတူတူလက်တွဲ ခရီးဆက်စို့…။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 25, 2011
Comment #1

ငြိမ်းချမ်းရေးလည်း ဝေးခဲပြီ
လွတ်လပ်မှုလည်း ဝေးကွာသွားခဲ့ပြီ
ကျဆုံးမှုလည်း များခဲ့ပြီ

commentinfo By: Daw Shwe Ah at Oct 25, 2011
Comment #2

လုလင် အားပေးသွားသည်

Comment #3

ကျေးဇူးတင်ပါတယ်………..။

Comment #4

100% right.
don’t play with love.

commentinfo By: ei lay at Oct 25, 2011
Comment #5

super super like
really perfect both title & poem.
so touchinggggggggggggg

commentinfo By: ei lay at Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment