Professional Authors

အလွမ်းသင့်ငှက် အိမ်ပြန်ချိန်

ခြေရာမကောက်နဲ့

ဝေဟင် ရောက်နေတယ်

တောင်ပံသံ ကြားရင်လိုက်ခဲ့

တိမ်ညွှန့် ခူးစားမယ်

ဒဿန စူးစူးတို့ဖြတ်လို့

ကျင့်ဝဋ်တိုင်း ကျင့်ဖို့တော့လိုအပ်မယ်

အဖြူရောင်ကိုပဲ သုံးကြပါစို့။

 

တစ်ချက် ၊ နှစ်ချက် …. သုံးချက်

တောင်ပံခတ်သံတွေ မပြတ်

လွတ်လပ်မှုတွေ မက်လျှက်

ဆုံးရှုံးခြင်းတွေ ဝန်းရံထားတယ်

အလွမ်းသင့်တဲ့ငှက် ။

 

ကောင်းကင်ဟင်းလင်းပြင်အောက်

လေလွင့်လျှက် ဇွဲကိုဆုပ်ကိုင်

တိမ်ဆိုင်ကြားမှာ ကူးခတ်ရင်းလူးလွင့်

မမောနိုင်မပမ်းနိုင်

စိတ္တဇတံခွန်ကိုကိုင် ……… တစ်နေ့ရောက်မယ် ပန်းတိုင်  ။

 

အဆုံးမသတ်နိုင်

လောကဓံကိုယဉ်ပြိုင်

ရှုံးရှုံး နိုင်နိုင် ရင်ဆိုင်ဖို့အားတင်း

အိပ်တန်းတက်ချိန် အကြိမ်ကြိမ်လွဲ

ရင်ခွဲ လေပြင်းနဲ့ ရင်ဆိုင်မဲ့ပွဲ

ရင်ကွဲရင် ကွဲပါစေ အိမ်ပြန်ချိန်ကို မလွဲလို

ဒါ

အလွမ်းသင့်ငှက်လို့ ……………………. ။

 

In: ကဗျာ Posted By: Date: Oct 24, 2011
Comment #1

တစ်ချက် ၊ နှစ်ချက် …. သုံးချက်

တောင်ပံခတ်သံတွေ မပြတ်

လွတ်လပ်မှုတွေ မက်လျှက်

ဆုံးရှုံးခြင်းတွေ ဝန်းရံထားတယ်

အလွမ်းသင့်တဲ့ငှက် ။
ကဗျာက ပြောထားတာလေးတွေ ကောင်းတယ်ဗျ

Comment #2

ကျင့်ဝဋ်တိုင်း ကျင့်ဖို့တော့လိုအပ်မယ်

အဖြူရောင်ကိုပဲ သုံးကြပါစို့။ 🙂

commentinfo By: pannei at Oct 25, 2011
Comment #3

အိုး…..

😮

commentinfo By: 13th at Apr 8, 2013
Comment #4

ohh great.. nice

commentinfo By: cynthia at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment