Professional Authors

အမှန်ကရှုံးနေတာပါ…..

မကြိုးစားတော့ဘူး….

နင့်ကိုပိုင်ဆိုင်ဖို့..

ဆုံးရှုံးမှာကြောက်တဲ့အတွေးနဲ့ပါ….

မဆုံးတဲ့ အချစ်ပေမယ့်

ပိုင်ဆိုင်ပြီးမှဆုံးရှုံးရရင်..

ပိုခံစားရမှာမို့လို့…

ငါ့အတောင်တွေကိုရိုက်ချိုး..

ကျစ်လစ်သိပ်သည်းတဲ့စကားပျိုကို..

ရင်မှာပဲထားလိုက်မယ်..

 

ကြိုသိနေခဲ့လို့ပါ…

မဆုံနိုင်တဲ့မျဉ်းပြိုင်တွေလို့..

ခံစားရမှာကိုဇွတ်မတိုးတော့ဘူး…

တကယ်ကိုချိုနေပေမယ်…

နင်မုန်းအောင်စကားလုံးသုံးလိုက်မယ်…

စပျစ်သီးတွေကချဉ်ပါတယ်…

တူညီတဲ့စကားလုံးပေမယ့်..

မတူညီတဲ့ရည်ရွယ်ချက်နဲ့ပါ..

နင့်အချစ်မပိုင်ဆိုင်ရရင်..

ငါတသက်လုံးချစ်နေပေမယ့်..

ငါမဆုံးရှုံးဘူးပေါ့….

 

လှပတဲ့နင့်ဘဝ..

ဆူးခမှာစိုး…

အရိပ်ထဲကနင့်ဘဝ..

နေပူကနေအားပေးရင်း..

ကြမ်းတမ်းတဲ့ခရောင်းလမ်း…

ငါတစ်ယောက်ထဲလျှောက်တော့မယ်…

မပိုင်ဆိုင်ရပေမယ်..ဆုံးရှုံးမှုနှင့်အတူ….

အလွမ်းကိုအဖော်ပြု..နောက်ဘဝကိုဗဟိုပြုရင်း…

တောင်းဆုတစ်ခုပြုမယ်..

နင့်ရဲ့အချစ်ပိုင်ဆိုင်ရပါစေသား…..

In: ကဗျာ Posted By: Date: Oct 23, 2011
Comment #1

su taung yone ne bar hma htoo char hmar ma hot bu naw.
a hman ta yar ko shaung pyay nay tar ma maw bu lar?

commentinfo By: ei lay at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment