Professional Authors

ဝေးလွင့်သွားသော ခြေရာများ

နင်ရော ငါရော
ဒီကမ္ဘာပေါ်မှာ ရှိပါရဲ့
ဒါပေမဲ့ တစ်ယောက်တစ်နေရာ…..

မရွတ်ဖတ်ခဲ့ဖူးတဲ့ အမုန်းစာသားတွေ
စိတ်နာကျည်းစရာ စာမျက်နှာတွေ
မရင်းနှီးခဲ့ဖူးတဲ့ မျက်ရည်သင်ခန်းစာတွေ
အခုတော့ အလွတ်ကျက်နေရပြီတဲ့လား
ဒါဆိုရင်တော့ ငါတို့ ရေးခဲ့တဲ့သမိုင်းတွေက
အစကတည်းက စာလုံးပေါင်းမမှန်ခဲ့ဘူး ထင်ပါရဲ့

အရင်တုန်းကတော့ အနီးကပ်ဆုံးပေါ့
ခုတော့ အဝေးဆုံးမှာ
ဘယ်စုန်းမရဲ့ ကျိန်စာသင့်ခဲ့ခြင်းမဟုတ်ခဲ့သလို
ဘယ်နတ်ဖုရားကမှလဲ
ငါတို့ ချစ်ခြင်းကို ကောင်းချီးမပေးခဲ့ဘူး

သူမကို မေ့ထားပါ
သူ့ ကိုတော့ သတိရနေခွင့်ပေးပါ
မအောင်နိုင်မဲ့ စာမေးပွဲကိုလဲ ထပ်မဖြေလိုတော့
ထို့ ကြောင့်
ငြိမ်းချမ်းစွာထွက်သွားခဲ့သည်
သို့သော်
အလွမ်းတစ်ချို့ ကပ်ငြိသွားခဲ့၏

ကြက်ခြေခတ်X

In: ကဗျာ Posted By: Date: Oct 22, 2011
Comment #1

အခုကဗျာလေးမှာပထမဆုံးကော်မန့်ပေးခွင့်ရတာဝမ်းသာပါတယ်..။ကဗျာကောင်း
လေးတစ်ပုဒ်မှာပထမဆုံးရေးခွင့်ရတာဆိုတော့ဝမ်းသာသင့်တယ်ထင်တယ်နော်..။
သူမကို မေ့ထားပါ
သူ့ ကိုတော့ သတိရနေခွင့်ပေးပါ
မအောင်နိုင်မဲ့ စာမေးပွဲကိုလဲ ထပ်မဖြေလိုတော့
ထို့ ကြောင့်
ငြိမ်းချမ်းစွာထွက်သွားခဲ့သည်
သို့သော်
အလွမ်းတစ်ချို့ ကပ်ငြိသွားခဲ့၏…။
ကြိုက်တယ်ဗျာ…။အမြဲတမ်းပုရိတ်သတ်တစ်ယောက်အနေနဲ့
မှတ်ယူပေးပါ….။

commentinfo By: တာရာကိုကို at Oct 22, 2011
Comment #2

အရင်တုန်းကတော့ အနီးကပ်ဆုံးပေါ့
အခုတော့ အဝေးဆုံးမှာ
ဘယ်အစုန်းမရဲ့ ကျိမ်စာသင့်ခဲ့ခြင်းမဟုတ်သလို
ဘယ်နတ်ဘုရားကမှလည်း
ငါတို့ချစ်ခြင်းကို ကောင်းချည်းမပေးခဲ့ဘူး
—-
အဲ့ဒီအပိုဒ်လေးကို အကြိုက်ဆုံးဘဲဗျာ

commentinfo By: thiha at May 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment