Professional Authors

သူ ၀ါတာ သုံး ၊လေး ၊ ငါးရက် ကြာပီရှင်

ဘာပဲဖြစ်နေဖြစ်နေ
သူ့အကောင့်လေး အွန်လိုင်းမှာ မြင်ရတာနဲ့တင် စိတ်ထဲကျေနပ်တယ် . .။
အစိမ်းရောင်မီးလေးနဲ့ လွတ်လွတ်လပ်လပ်ဖြစ်နေချိန်
အရဲစွန့်ပြီးခေါ်ချင်စိတ်တွေ ချုပ်ထိန်းထားရတယ် . .။
အနီရောင်မီးလေးလင်းနေတော့အားမှအားပါ့မလား . .
သွားခေါ်ရင် ကိုယ့်ကြောင့်စိတ်အနှောက်ယှက်ဖြစ်သွားမလားဆိုပြီး
*မလား* ပေါင်းများစွာနဲ့ စိတ်ကို ထိန်းချုပ်လို့ ဆက်ကာစောင့်ကြည့်နေမိတယ် . .။
ဟော . . ကြည့်ရင်းကြည့်ရင်းနဲ့ ခဏအကြာ
အ၀ါရောင်မီးကလေးကိုပြချိန် ငါ့စိတ်ထဲ သူအိပ်သွားပြီလား . .
အနားမှာမရှိတော့ဘဲထွက်သွားပြီလား . .ဆိုတဲ့ အဲလိုစိတ်လေးနဲ့ . .။
ဒီတစ်ခါ အနီအစိမ်းမရွေး အလျင်ပြေးလို့ခေါ်မယ်ဟဲ့ဆိုပြီး . .
 သေချာကို အားမာန်တင်းကာ ဆုံးဖြတ်ချက်ချရင်း . .
တစ်ညလုံး ထိုင်လိုက်လှဲလိုက်နဲ့ မီးအပြောင်းကိုစောင့်နေတာ . . သူကတော့မသိရှာ . .။
ငါသာ မျှော်တော်ဇောနဲ့ မောပန်းလှတယ် . .တစ်ညနဲ့တစ်နေ့လုံး ၀ါဝါလေးနဲ့ဖုံးလို့
သူ IDLE လေး Run ထားတာတော့ ငါ မသိတယ် . . ။

In: ကဗျာ Posted By: Date: Oct 22, 2011
Comment #1

အားပေးသွားသည်

Comment #2

he,,he,,
so cute,,
i like it

commentinfo By: ei lay at Feb 23, 2012
Comment #3

xoo much cute

commentinfo By: အသဲကွဲမိုး at Feb 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment