Professional Authors

အမှောင်ရင့်ရင့်ချစ်ခြင်း

ကျရှူံးဖူးပါတယ် အခါခါ

အကြိမ်ကြိမ်လဲ ပြန်ထူမတ်ခဲ့ရဲ့

ဒါပေမဲ့

ဒဏ်ရာတွေကတော့ အပြည့်ပဲလေ

ဖြတ်သန်းလာရတဲ့ ဘဝတွေက ဆူးတွေအပြည့်

ခယောင်းတောပါ ဖယောင်းခင်းထားတာမဟုတ်လေတော့

 

လူတိုင်းမှာ သစ္စာမရှိခွင့်ရှိတယ်

လောကမှာ ဘယ်အရာမှ မတည်မြဲဘူးတဲ့

ဒါဆို နင်ရော ငါရော သစ္စာတွေရော စီးမျောကြမယ်

ကိုယ်ပျော်ရွှင်ရာဂီတနဲ့ ကခုန်ကြတာပေါ့

(အတိုင်းအတာတစ်ခုထိ)

နောက်ဆုံးပိတ်မှ ငါတို့

နှစ်ပါးသွားအက မဟားဒယားကကြတာပေါ့

 

လုပ်ကြည့်နေပါတယ် တစ်ခုစီ တစ်ခုစီ

နင့်ရင်ကို နာစေမှာတွေပေါ့

နင်သိလိုက်လား

ငါလဲပဲ ဆတူ အချိုးတူ ကာရံတူ

မသိလိုက်မသိဖာသာ နေမိတယ်

အိပ်ချင်ယောင်ဆောင်နေလိုက်မယ်

ဘာမဆို အကုန်သော့ခတ်ပစ်လိုက်တယ်

 

မလာဘူး

ပြန်မလာပါရစေနဲ့

နောင်တတွေနဲ့ပဲ ရှောင်ပုန်းနေပါရစေ

ငရဲတွင်းလို ချစ်ခြင်းထဲ ပြန်မခုန်ဆင်းဘူး

သေရာပါအနမ်းတွေ မမက်မောတော့ဘူး

ရူးသွပ်ချင်ယောင်ဆောင်နေမယ်

ဘယ်တော့မှ မနိုးကြားတော့မဲ့အတိုင်းပဲ

အရာရာကို မျက်ကွယ်ပြုလိုက်တယ်

 

ကာရံတွေ မလိုတော့ဘူး

အပိုဆာဒါးတွေ မထည့်တော့ဘူး

ဒါဆို ဒါပဲ ဒါပြောရင် ဒါပဲလုပ် ဆိုတဲ့

အဲဒီ့အမိန့်တွေအတွက် ငါ့နားတွေပိတ်ပေးလိုက်ပြီ

သိပ်ကိုချစ်မြတ်နိုးမိတဲ့ နင့်ရဲ့ အပြူံးတွေအတွက်

ငါ့မျက်လုံးတွေ မှိတ်ထားလိုက်ပြီ

နင့်အကြောင်းပဲ တွေးမိနေတဲ့ ငါ့ရဲ့အတွေးတွေ

အဲဒီ့အတွေးခပ်ရင့်ရင့်တွေ အမှောင်ချလိုက်ပြီ

ချစ်သူ…….

ငါပြန်မလာပါရစေနဲ့တော့

သေရာပါအောင် ကြောက်လန့်နေလိုက်တော့မယ်…

 

ကြက်ခြေခတ်X

9.01pm mon feb 2011

In: ကဗျာ Posted By: Date: Oct 19, 2011
Comment #1

မလာဘူး

ပြန်မလာပါရစေနဲ့

နောင်တတွေနဲ့ပဲ ရှောင်ပုန်းနေပါရစေ

ငရဲတွင်းလို ချစ်ခြင်းထဲ ပြန်မခုန်ဆင်းဘူး

သေရာပါအနမ်းတွေ မမက်မောတော့ဘူး

ရူးသွပ်ချင်ယောင်ဆောင်နေမယ်

ဘယ်တော့မှ မနိုးကြားတော့မဲ့အတိုင်းပဲ

အရာရာကို မျက်ကွယ်ပြုလိုက်တယ်

commentinfo By: Than Yaw Zin at Jan 2, 2012
Comment #2

superrrrrrrrrrrrrrr likeeeeeeeeeeeeeeeeee

commentinfo By: ei lay at Jan 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment