Professional Authors

အပြင်းစား အိပ်မက်

တွေးဝေနေဆဲ ဝိုးတဝါးညမှာ
အိပ်မက်တွေ ယောင်ဝါးဝါးနဲ့
အကျဉ်းခန်းထဲ စိတ်ချောက်ချားလွန်းလို့
ဝိုင်းချိုရေကို ခါးသက်အောင်မော့သောက်ရင်း
ရစ်ဝိုင်းနေသော ငါမျက်ရည်က
သမုဒယပင်လယ်ဖြစ်လို့ ချစ်သက်ချွေခဲ့မိတယ်….။

မူးရစ်ဝေသော ဘဝဒီလှိုင်းက
ရင်လှိုင်းထိခတ် နှလုံးသားကွဲအက်လို့
ပုံပြင်လိုလို အချစ်ပုံတွေကို
အိပ်မက်ပြင်ထက် မြင်ယောင်နေဆဲ
ငါလန့်နိုးခဲ့တာ ဝိုင်ချိုရေတွေတောင်
ခါးသက်နေပြီး အချစ်ဆိပ်တက်လို့….။

ခရီးရှည်လွန်းသော အိပ်မက်ပြင်လွှာထဲ
ဒဏ်ရာတွေနဲ့ ခရီးဝေးကိုဆက်ခဲ့ရင်း
မုန်းတိုင်းနဲ့လေပြင်းဒဏ်တွေ ငါရရှိခဲ့တဲ့အခိုက်
ငါ့ အိပ်မက်ထဲက လန့်နိုးခဲ့တယ်
သို့သော် ရစ်ဝိုင်းနေတဲ့
ငါ့ ကောင်းကင်က ငေးကြည့်နေတဲ့ကြယ်တွေကို
ဟားတိုက်ရယ်မောရင်း လမင်းကြီးတောင်မှ
အချစ်အတွက်နဲ့ ဒဏ်ရရသွားတယ်…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 17, 2011
Comment #1

လုလင် အားပေးသွားတယ်ဗျို့ 

Comment #2

လမင်းကြီးတောင်အချစ်အတွက်ဒဏ်ရာရသွားတယ်။

အရမ်းကောင်းလို့ ခံစားရပါတယ်

commentinfo By: zin mar at Oct 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment