Professional Authors

လွမ်းတယ်

ဘာတွေကို ရည်ရွယ်ခဲ့ပါသလဲ ချစ်သူ

နာကျင်မှုတွေကို ဘောင်ခတ်ချင်ခဲ့တာလား

မပျော်ရွှင်ရာဇာတ်ကိုမှ ကခုန်ချင်ခဲ့မိတော့

ဇာတ်သိမ်းမှ ငါဟာဗီလိန်ဆန်မှန်းသိခဲ့ရတယ်

ရွှေမင်းသားအလိုကျ ကခုန်ပေးခဲ့ယုံပါပဲ

ငါနင့်ကိုလွမ်းတယ်လို့ပြောယုံအပြင်

ဘာများငါတတ်နိုင်ဦးမှာတဲ့လဲ

ကိုယ့်သမိုင်းကိုယ်ရေးခဲ့ကြပေမဲ့

နင့်ကိုသာ ခေါင်းစဉ် နိဂုံး

အစအဆုံး နင်နဲ့တင်ဘောင်ခတ်ခဲ့မိတော့

ဒီလူ ရူးမယ်ဆိုတာ အားလုံးကသိပြီးသားပါတဲ့

ခုတော့…..

အားလုံးကမေးငေါ့လဲ ငါအေးဆေးပဲ

ငါ့အတင်းတွေလဲ ငါကြားနေရတယ်

နင်မပါပဲ နင်နဲ့သွားဖူးတဲ့နေရာတွေရောက်တယ်

နာသွားတဲ့ရင်ကလွဲရင် ပကတိငါတည်ငြိမ်ပါတယ်

ငါသိချင်လိုက်တာ

နင်ဆိုရင်ရော ဘယ်လိုနေလိမ့်မလဲလို့…..

သိမ်ထားမိနေသေးတဲ့ အမှတ်တရတွေနဲ့

မလွမ်းချင်လဲ ဘာတတ်နိုင်ဦးမှာလဲ

မဖြစ်ချင်ပါဘူးလို့ ပြောယုံအပြင်

ခေါင်းတွေဆက်တိုက်ခါနေခဲ့ပေမဲ့

ဘာတွေကများ ထူးခြားလာမှာလဲ

လက်မခံဘူးဆိုတဲ့ လက်ခံခြင်းတွေနဲ့ပဲ

အရာအားလုံးကို လက်ခံလိုက်တယ်

ရင်တွေကွဲယုံအပြင် ငါဘာကိုဖြေသိမ့်နေရဦးမလဲ

နွေရယ် မိုးရယ် ဆောင်းရယ်

အလီလီပြောင်းသွားတော့မယ်

မမျှော်ချင်တော့ဘူး

(မလာမှာ ကြောက်လို့)

လာလဲမခေါ်ရဲဘူး

ငါဘာဆို ဘာမှမတတ်နိုင်ဘူး ချစ်သူရယ်

နင့်သဘော နင့်ဆန္ဒ

ငါ့ရဲ့အရာရာကို ခေါက်ထားလိုက်ပါတော့

ပွစာကြဲနေတဲ့ အလွမ်းတွေနဲ့ပဲ

ငါ့ဒဏ်ရာ ငါကုစားတော့မယ်

လွမ်းတယ် လွမ်းတယ် လို့ ငြီးငြူရင်းပေါ့

ကြက်ခြေခတ်X

In: ကဗျာ Posted By: Date: Oct 15, 2011
Comment #1

နင်မပါပဲ နင်နဲ့သွားဖူးတဲ့နေရာတွေရောက်တယ်
နာသွားတဲ့ရင်ကလွဲရင် ပကတိငါတည်ငြိမ်ပါတယ်

ကောင်းတယ်ဗျာ အားပေးသွားပါတယ်

commentinfo By: arkar at Oct 15, 2011
Comment #2

နာသွားတဲ့ရင်ကလွဲရင် ပကတိငါတည်ငြိမ်ပါတယ်
လက်မခံဘူးဆိုတဲ့ လက်ခံခြင်းတွေနဲ့ပဲ
အရာအားလုံးကို လက်ခံလိုက်တယ်
ရင်တွေကွဲယုံအပြင် ငါဘာကိုဖြေသိမ့်ရဦးမလဲ…။

commentinfo By: SoFarAwayFromU at Oct 16, 2011
Comment #3

ကဗျာလေးကောင်းတယ်…..။

commentinfo By: terry at Oct 16, 2011
Comment #4

a yan yet sat de.

commentinfo By: ei lay at Oct 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment