Professional Authors

“ မျှော်လင့်ချက် ”

အလင်းဆိုင်တစ်ခုရဲ့ နောက်ကိုလိုက်ကြည့်တော့
အဆုံးဆိုတဲ့အရာက
ကျွန်တော်တို့နဲ့ လုံးဝမသိသလိုပါပဲလား… ။

အဲဒီ့လိုနဲ့… လွင့်မျော
လွင့်မျော…
လွင့်မျော နေတဲ့အချိန်တွေ

ဘယ်မှာလဲ…
ဘယ်မှာလဲ…
ဘယ်မှာတဲ့လဲ… ။
ဘယ်လိုရှာရှာ ပြန်မရနိုင်သေးတဲ့
အနတ္တတွေရဲ့ အိမ်… ။

ဟိုးအပေါ်ကို ကြည့်ပါဦး… ။
အနီရောင်စီးကြောင်းထဲမှာ
စတေးထားတဲ့ ပုံရိပ်တွေ
ပုံရိပ်တွေ…
ပုံရိပ်တွေလေ… ။

အဲ့ဒါတွေလား…
အဲ့ဒါတွေကို ခေါ်တာလား…
ဘာပဲပြောပြော သွားနှင့်ကြပြီ ။

အရမ်းကြီးတော့မတိတ်ဆိတ်ကြပါနဲ့
အဲ့ဒီ့အလင်းကို မက်မက်မောမော
ပြောနေကြသူတွေကို
နားလည်ပါ…
စာနာကြပါ…
ကူညီကြပါ… ။

ဘာပဲပြောပြော ဆက်သွားမယ်
သွားမယ်…
သွားကြမယ်… ။

နေ၀န်းကပြောတယ် “ ရောက်ခါနီးပြီတဲ့ ”
မဟုတ်သေးဘူး…
မဟုတ်သေးဘူး…
အဲ့ဒါ အလင်းဆိုင်မဟုတ်ဘူး ။
ဆက်လျောက်…
ဆက်လျောက်…
အားတင်းလျောက်ကြပါဦး…
ခရီးလမ်းကမဆုံးသေးဘူး… ။

သူ့ စီရောက်ဖို့အရှိန်တစ်ခုလိုသလား
ကျွန်တော်တို့ ရနေပြီ…
အရှိန်ရတုန်း အရောက်လှမ်း
အရောက်လှမ်း…
အရောက်လှမ်းသွား… ။

ခပ်ကြမ်းကြမ်း ကြိုနေတာက
ဘယ်အရာလဲ… ကျော်ဖြတ်
ကျော်ဖြတ်…
စည်းလုံးမှုနဲ့ ကျော်ဖြတ်သွားကြမယ် ။

ဘယ်သူ့ အတွက်လဲ မမေးနဲ့
မမေးနဲ့
မမေးကြနဲ့… ။

ဟော… ပြောရင်းဆိုရင်းတွေ့ပြီ ။
သေချာပြီလား…
သေချာပြီလား…
ငါတို့ ပန်းတိုင်ဆိုတာသေချာပြီလား ။

ဒီလိုနဲ့ပဲ အလင်းဆိုင်ဟာ
ငါတို့အနား ခစား
ခစား…
ခစားတော့မယ် ။

ဟေး… မရောက်သေးဘူး ဆက်လှမ်း
ဆက်လှမ်း…
ဆက်လှမ်းဦး ။

အားမလျော့ကြနဲ့
မြင်နေရပြီပဲ…
မရောက်မချင်းလှမ်း
ဆက်လှမ်း
လှမ်းရင်းလှမ်းရင်း…
အဲ့ဒီ့ နန်းမှာမြန်း…

လောလောဆယ်တော့…
ဆက်လှမ်း…
ဆက်လှမ်း…
အဲ့ဒီ့ အလင်းစီဆက်လှမ်း ။
. . . . . . . . . . . . . . . .

ကြယ်စစ်သည်

In: ကဗျာ Posted By: Date: Oct 14, 2011
Comment #1

ဖတ်ရှု..ခံစား..အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Oct 14, 2011
Comment #2

ကဗျာလေး ဖတ်သွားတယ်ဗျ ကဗျာကောင်းတွေထဲက တစ်ပုဒ်ဘဲ ။

commentinfo By: X - ray at Oct 14, 2011
Comment #3

လုလင် လည်းအားပေးသွားတရ်

Comment #4

ဟုတ်အားလုံးကိုကျေးဇူးပါခင်ဗျာ

commentinfo By: ကြယ်စစ်သည် at Oct 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment