Professional Authors

ဗလာ

ဖန်တစ်ရာတေနေတဲ့ စကားတွေနဲ့

ဓာတ်ပြားဟောင်းတွေ ပြန်ပြန်ဖွင့်လို့

ကိုယ့်အတ္တကိုယ်ကြိုဆိုကြည့်ရအောင်

 

ခပ်မိုက်မိုက်ကြည့်ခဲ့ဖူးရဲ့

အဲဒီ့တိမ်တိုက် ခပ်ဖြူဖြူတွေကိုပေါ့

သိပ်ကိုဖြူစင်လွန်းပြမနေစမ်းပါနဲ့

ဒီနေမင်းသာ ထွက်မလာခဲ့ရင်

ငါ့အကြည့်တွေလဲ ဆက်မာနေခဲ့ဦးမှာပဲ

 

တစ်ကြိမ်တစ်ခါ စိတ်ရူးပေါက်ထအော်မိတဲ့

”ငါကွ” ဆိုတဲ့စကားက

ဟာသ အဆင့်ကတက်မလာသေးဘူး

တက်လာဖို့ကောရှိလို့လား

(ငါမသိဘူး) သက်ပြင်းမောရယ်

နင့်ကိုပဲ ခိုးခိုးချနေမိတော့တယ်

 

ဆက်ထုံးပြတ်တွေပေါ့

(အဲဒီ့) ဆက်ထုံးပြတ်တွေ

ငါ့ကိုပဲ အခါခါ တရားပြနေကြတယ်

သွားကြပါတော့ ဝေးဝေး

ခပ်အေးအေးလေးပဲ မှိန်းနေချင်တာ

ဘဝဆိုတာကို ဝါကျလာလာမဖွဲ့ပြနဲ့

ငါကစာမတတ် ပေမတတ်….

 

လူ့ယဉ်ကျေးမှုတွေ ပျက်သုဉ်းကုန်ပြီလို့

လူ……..တွေက ပြောနေကြတာ

အဲ့ဒါပဲ အဲ့ဒါ

ဝမ်းနည်းတဲ့လူတွေ ရီကုန်လို့

ရီနေတဲ့လူတွေက မျက်ရည်နဲ့

တစ်ခါ တစ်ခါ ငါ့လွဲမှားမှုတွေကမှ

အမှန်ဘက်ပိုနေသေးတယ်

(နည်းတောင်နည်းသေး)

 

မမျှတဘူးလို့ အော်နေမဲ့အစား

ငါကိုယ်တိုင်ပဲ ချိန်ခွင်ပေါ်ကခုန်ဆင်း

မဟုတ်မချင်း စစ်မေးနေတော့မယ်

နင်မှတ်ပြီလားလို့….

 

ပြီးတော့….

 

ဟူးးးးးးးးးးးးးးးးးးး

(သက်ပြင်းချလိုက်သည်)

(ထို့နောက် ခေါင်းခါသည်)

(တိတ်ဆိတ်နေမြဲ…..)

 

ဖန်တစ်ရာတေနေတဲ့ စကားတွေနဲ့

ဓာတ်ပြားဟောင်းတွေ ပြန်ပြန်ဖွင့်လို့

ကိုယ့်အတ္တကိုယ်ကြိုဆိုကြည့်ရအောင်

 

ကြက်ခြေခတ်X

2.30am 14 feb 2011 တနလာၤ

In: ကဗ်ာ Posted By: Date: Oct 14, 2011
Comment #1

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 14, 2011
Comment #2

တစ်ကြိမ်တစ်ခါ စိတ်ရူးပေါက်ထအော်မိတဲ့

”ငါကွ” ဆိုတဲ့စကားက

ဟာသ အဆင့်ကတက်မလာသေးဘူး

တက်လာဖို့ကောရှိလို့လား

(ငါမသိဘူး) သက်ပြင်းမောရယ်

နင့်ကိုပဲ ခိုးခိုးချနေမိတော့တယ်

ဘဝဆိုတာကို ဝါကျလာလာမဖွဲ့ပြနဲ့

ငါကစာမတတ် ပေမတတ်….

စကားလုံးတွေကအားအရမ်းပါတယ်…..တော်တော်ကောင်းတယ်…ဗျာ။

commentinfo By: terry at Oct 14, 2011
Comment #3

တော်လိုက်တာဗျ

commentinfo By: အသဲကွဲမိုး at Oct 14, 2011
Comment #4

ကောင်း၏…။

commentinfo By: SoFarAwayFromU at Oct 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment