Professional Authors

အချစ်………………………….

ကမ္ဘာပေါ်မှာ
ရှိတဲ့
စကားလုံးတွေထဲက
အနူးညံဆုံးစကားလုံး
လောကကြီးမှာရှိတယ့်
အပြောထဲ မှာ
လူတွေ အကြိုက်အနှစ်အသက်ဆုံး
အပြော
လူတွေ
လိုချင်တောင်းတနေတတ်တဲ့
အရာ
မျှော်လင့်ခြင်းတပွေ့တစ်ပိုက်နဲ့
လိုချင်တောင့်တနေတဲ့အရာ
လူတွေ အသက်ရှင်နေရတဲ့
ရည်ရွယ်ချက်ထဲက တစ်ခု
ဘ၀မှာ ပြီးပြည့်စုံခြင်းရဲ့
တစ်စိတ်တပိုင်း
စာရေးရင်လဲ
သူပါတယ်
ကဗျာစပ်ရင်လည်း
သူပါပြန်ရော
ရုပ်ရှင်တွေမှာ
သီချင်းတွေမှာ
အပြင်လောကမှာ
သူကတန်ခိုးအကြီးဆုံးလို့ထင်ရအောင်
မင်းမူတတ်တဲ့ အရာ
တစ်ချို့ ကသူကြောင့်
အသေခံကြတယ်
တစ်ချို့က သူကြောင့်
ဘ၀တွေပျက်ကြတယ်
တစ်ချို့က သူကြောင့်
စည်းလုံးကုန်ကြတယ်
တစ်ချို့ က သူကြောင့်
အရာရာကို စွန့်လွတ်ရဲတယ်
တစ်ချို့ ကသူကြောင့်
အရာရာကို သိမ်းယူရဲတယ်
အခု ကျွန်တော်ရင်ထဲ မှာ
သူရောက်နေပြီ
ကျွန်တော် ဘာလုပ်ရမလဲ
တစ်ခါတစ်ရံ
သူက ကျွန်တော်ကို
စိတ်ဓါတ်ကျစေတယ်
တစ်ခါတစ်ရံ
သူက ကျွန်တော်ကို
ပျော်မြူးစေတယ်….
သေချာတာကတော့
သူရှိနေရင်ကျွန်တော်
ကျေနပ်တယ်
သူကြောင့် ကျွန်တော်လေ
နိုးထရတဲ့ မနက်တိုင်းဟာ
ပြည့်စုံနေတယ်
သူကြောင့် ကျွန်တော်လေ
ညခင်းတိုင်းမှာ ပျော်မွေ့စွာ
အိပ်စက်နိုင်လေတယ်…..
သူ သူ သူ …….
သူဟာ တစ်ခြားမဟုတ်ဘူးလေ
အချစ်ဗျ အချစ်
အကြည်တော်က အချစ်ကို
ရယ်စရာလုပ်တယ်
ချစ်ဦးညိုက
အချစ်နဲ့ပါတ်သတ်တဲ့
လူရမ်းကားကြီးကို
သနားစဖွယ်လုပ်တယ်
လွန်းထားထားက
အချစ်ကို
အမွှန်းတင်တယ်
ဂျူးက အချစ်နဲ့
ယောင်္ကျားတွေကို
ဝတ္ထုထဲ မှာ
ဆန့်ကျင်ဘက် အမြင်နဲ့ရေးတယ်
ဘာပဲ ဖြစ်ဖြစ်
သူတို့ ရင်ထဲ မှာ
အချစ်ရှိတယ်
အမေရိကန်သမ္မတ
အိုဘားမားက
သူမိန်းမ မစ္စအိုဘားမားကို
ချစ်တယ်
ကလင်တန်က
ဟီလာရီကို ချစ်တယ်
ဂျက်စတင်ဘီဘာ
စလီနာဂိုးမက်စ်ကို ချစ်တယ်
ရိုမီယို က ဂျူးလိယက်ကိုချစ်တယ်
ရှင်မွှေးလွန်းက မင်းနန္ဒာကိုချစ်တယ်……
ပြေတီဦးက အိန္ဒြာကျော်ဇင်ကို ချစ်တယ်
အာဒံက ဧ၀ကိုချစ်တယ်
သူမကို ကျွန်တော် အရမ်းချစ်တယ်……….
တကယ်ပါဗျာ အရမ်းချစ်တယ်……..
ကောင်းကင်ကြီးဘာဖြစ်တယ်
ညာဖြစ်တယ်
ကျွန်တော်မပြောချင်ဘူး
ဘယ်သူကို မှလဲ ကျွန်တော်မတိုင်တည်ချင်ဘူး
ကျွန်တော်ချစ်တာ
သူမသိရင် ကျွန်တော်ပျော်သည်…………..။

In: ကဗျာ Posted By: Date: Oct 13, 2011
Comment #1

ကဗျာက အတော်လေးမိုက်တယ်နော် JB ရော အိုဘားမားရော သတင်းတော်တော်စုံတာဘဲ ကဗျာလေးဖတ်သွားပါတယ် အားပေးတယ်ဗျာ ။

commentinfo By: X - ray at Oct 14, 2011
Comment #2

ti twar p…
ti twar p…
be lo loak ma le?
he,,he,,

commentinfo By: ei lay at Dec 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment