Professional Authors

ကျမ ချစ်တဲ့ “လူ”

သူ …

အဲ့ဒိလူပေါ့ …

ကျမရဲ့ ဂရုစိုက်မှုသေးသေးလေးတွေကို

အကြီးအကျယ် ခုံမင်တတ်တဲ့လူ … ။

သူ …

အဲ့ဒိလူပေါ့ …

မျှဝေတတ် ခံစားတတ် …

တခါတလေလဲ .. ပြောမရဆိုမရနဲ့

ဂျစ်တိုက် တတ်တဲ့လူ … ။

သူ …

အဲ့ဒိလူပေါ့ …

ကျမဘေးနား မတ်မတ်ရပ်

ကျမကို လုံခြုံစေတဲ့လူ … ။

သူ …

အဲ့ဒိလူပေါ့ …

သူ့ စကား ချိုချို ကြား

ကျမကို ယစ်မူး ပျော်ဝင် စေတဲ့လူ … ။

သူ …

အဲ့ဒိလူပေါ့ …

ကျမကိုယ်တိုင်အံ့သြလောက်အောင်

ကဗျာတချို့ စာတချို့ ဖြစ်တည်စေခဲ့သူ … ။

သူ …

အဲ့ဒိလူပေါ့ …

သူကလွဲရင် ဘယ်သူမှ “လူ” မထင်တော့လောက်အောင်

ခံစားချက်တချို့နဲ့ ကျမကို ရူးသွပ်စေခဲ့သူ … ။

လူ …

အဲ့ဒိသူပေါ့ …

ကျမ ချစ်တဲ့ “လူ” … ။

In: ကဗျာ Posted By: Date: Oct 13, 2011
Comment #1

လုပ်ပြီ မငယ်လေးကတော့…”သူကလွဲရင် ဘယ်သူမှ “လူ” မထင်တော့လောက်အောင်
ခံစားချက်တချို့နဲ့ ကျမကို ရူးသွပ်စေခဲ့သူ …“ ဆိုတော့ ကျွန်တော့်တို့မှာ ဘယ်နေရာမှာများ လူနဲ့ မတူတာရှိလို့လဲ ဆိုပြီး ရှာလိုက်ရတာဗျာ..ခုထိမတွေ့သေးဘူး ..။

commentinfo By: မိုးလူ at Oct 13, 2011
Comment #2

အဲဗျ … ဟီးဟီး …
အဲ့လိုဖြစ်သွားသလား … ချောတီး ချောတီး …
အရူးမလေးကို နားလည်ခွင့်လွှတ်ပေးပါ … ဟီး …

commentinfo By: Nge Lay at Oct 13, 2011
Comment #3

ငယ်လေးရေ ကေ အားပေးသွားပါတယ်….

သူ …
အဲ့ဒိလူပေါ့ …
ကျမကိုယ်တိုင်အံ့သြလောက်အောင်
ကဗျာတချို့ စာတချို့ ဖြစ်တည်စေခဲ့သူ … ။
………………….

commentinfo By: ကေသရီ at Oct 14, 2011
Comment #4

အားပေးတဲ့အတွက် .. ကျေးဇူးပါ မကေ ရေ … 🙂

commentinfo By: Nge Lay at Oct 14, 2011
Comment #5

အဲ့ဒိလူပေါ့ …

ကျမကိုယ်တိုင်အံ့သြလောက်အောင်

ကဗျာတချို့ စာတချို့ ဖြစ်တည်စေခဲ့သူ … ။
ရေးထားတဲ့ ပုံလေး မိုက်တယ် လုလင် အားပေးသွားသည်

Comment #6

ကျေးဇူးပါ ကိုလုလင် ရေ …
(ဒါနဲ့ လုလင် အားပေးသွားသည် … အဲ့နားက လုလင်ကို ပြောင်းပြန်ဖတ်လိုက်မိပြီး လန့်သွားတယ် .. ) … အဟီး ..

commentinfo By: Nge Lay at Oct 14, 2011
Comment #7

မငယ်လေးးးးးးပြောတာဟုတ်တယ်ဗျ။
အဲ့ဒိလူပေါ့ …
ကျမကိုယ်တိုင်အံ့သြလောက်အောင်
ကဗျာတချို့ စာတချို့ ဖြစ်တည်စေခဲ့သူ … ။
အဲဒီလူ…အဲဒီသူပေါ့……….။ကွက်တိပဲ မငယ်လေး
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 14, 2011
Comment #8

မှားသွားတယ်ဟဲဟဲ..
ကျွန်တော် ကိုယ်တိုင်အံသြလောက်အောင်လို့ပြောရမှာ
မှားသွားတယ်။

commentinfo By: poem.poem28 at Oct 14, 2011
Comment #9

မရင်နွေး…..အစစအဆင်ပြေမှာပါ….. :)….
ကဗျာ အားပေးသွားတယ်….

commentinfo By: သားသား at Oct 14, 2011
Comment #10

ဘုရားရေ … မရင်နွေး …
ဟီး … ဒါတော့ သိပ်အဆင်မပြေဘူး ကိုသားရေ … 😛

commentinfo By: Nge Lay at Oct 14, 2011
Comment #11

အားပေးသွားပါသည်

commentinfo By: Red Demon at Oct 14, 2011
Comment #12

kyun ma chit de thu,,,

commentinfo By: ei lay at Nov 11, 2011
Comment #13

so much like that read again.

commentinfo By: ei lay at Dec 10, 2011
Comment #14

then, thank you x 2 .. 🙂

commentinfo By: Nge Lay at Dec 10, 2011
Comment #15

the only one i love most

commentinfo By: ei lay at Apr 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment