Professional Authors

PoemsCorner Authors

ဖြစ်နိုင်မယ်.ဆိုရင်(genius)

ပြိုလဲမသွားတဲ့
အချစ်ကို
ပိုင်ဆိုင်ထားမိခြင်းရယ်လို့
ကိုယ့်ကိုကိုယ်
အပြစ်မတင်နေတော့ပါဘူး။

ဘယ်တော့မှ
မပြောင်းလဲရခြင်းရယ်လို့လည်း
ပြောမနေတော့ပါဘူး။

မရှိမဲ့ ရှိမဲ့
အင်အားလေးနဲ့
အချစ်ကိုထမ်း

ရှေ့…….ဆက်
……………….
…………ဆက်
ခရီးတောင်မဆုံး
အချစ်(သူက)
ပစ်ခွာပြေးတော့

လွမ်းမောခြင်း
ရေစုန်မှာမျော
  …မျော…
နစ်မျောနေတဲ့

ကျွန်တော့်ကို
ဖြစ်နိုင်မယ်ဆိုရင်
လက်ကမ်းလေး
ပြန်လှမ်းပေးပါ.ချစ်လေး။

In: ကဗျာ Posted By: Date: Oct 12, 2011
Comment #1

မရှိမဲ့ ရှိမဲ့
အင်အားလေးနဲ့
အချစ်ကိုထမ်း

အဲ့နားလေးကိုပိုကြိုက်တယ်အစ်ကို ………

commentinfo By: arkar at Oct 12, 2011
Comment #2

ကျွန်တော်ခင်မင်ရတဲ့ ကို ပိုအမ်ဒေါ့ပိုအမ်တွမ်တီအိတ်ရေ… တစ်ခုခုကိုတော့ သိပ်မပြောချင်တော့သလိုပဲ။ အဲဒါ အချစ်အကြောင်းဆိုရင်တော့. ……နား..နား..နားနားပြီး ပြောမောမယ်လို့…

commentinfo By: မိုးလူ at Oct 12, 2011
Comment #3

ဖြစ်နိုင်မယ်ဆိုရင်… :)
ကောင်းတယ်ရဲမင်းး..အားပေးသွားတယ်ဟေ့

commentinfo By: နတ်သမီး at Oct 12, 2011
Comment #4

ကဗျာလေးဖတ်သွားတယ်ဗျာ ဖတ်လို့ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ဘဲ ။

commentinfo By: X - ray at Oct 12, 2011
Comment #5

မရှိမဲ့ ရှိမဲ့
အင်အားလေးနဲ့
အချစ်ကိုထမ်း…

ကောင်းတယ်ဗျို့….တကယ်ချစ်တတ်သူတစ်ယောက်ပါပဲဗျာ..

commentinfo By: နွေဦးသစ် at Oct 12, 2011
Comment #6

ကောင်းတယ် ညီ
အားပေးသွားတယ်

Comment #7

အားပေးသွားတယ်နော်….

commentinfo By: yaewintaung at Oct 13, 2011
Comment #8

good ! :)

commentinfo By: sharon myorr myor at Oct 13, 2011
Comment #9

လွမ်းမောခြင်း
ရေစုန်မှာမျော
…မျော…
နစ်မျောနေတဲ့

ကျွန်တော့်ကို
ဖြစ်နိုင်မယ်ဆိုရင်
လက်ကမ်းလေး
ပြန်လှမ်းပေးပါ.ချစ်လေး။

ရဲမင်းရေ…..အားပေးသွားပါတယ်….ကဗျာလေးက ကောင်းတယ်ဟ

commentinfo By: ကေသရီ at Oct 13, 2011
Comment #10

အားပေးတဲ့ကဗျာချစ်ညီအစ်ကိုမောင်နှများအားလုံးကျေးဇူးတင်ပါတယ်။

commentinfo By: poem.poem28 at Oct 14, 2011
Comment #11

အားပေးနေပါတယ်..အမြဲတမ်းပေါ့

commentinfo By: အသဲကွဲမိုး at Oct 14, 2011
Comment #12

nyar nay par de byoe,,,
nyar nay par de byoe,,,
da ke le pyan lar yaw,,pyin nyar tway pya p hnate sat par lay kone e.

commentinfo By: ei lay at Oct 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment