Professional Authors

ဘောင်ထဲ က အချက်အလက်များ

မြူခိုး ရယ်လူ
စိတ်ထဲဝယ်အူ
ဘယ်အချိန်အေးပါ့
ဘယ်အချိန် နွေးပါ့
စောင့်ခဲ့ရခါခါမျှော်
များပါဘိလား
စက်ရုံတွေ
များပါဘိလား
မော်တော်ကားတွေ
များလှချေလား
ဇိမ်ခံပစ္စည်းတွေ
များများ လေရဲ့
ဒါတွေက များနေပေမယ့်
ငါ့တို့ ရဲ့ ရာသီဥတုပုံမှန် လည်ပတ်ခြင်းကတော့
သိသိသာသာ
လျော့လျော့သွားချေရဲ့
ဖောက်ပြန်တဲ့ ရာသီဥတု
ဖောက်ပြန်တဲ့ လူစိတ်တွေ
သနားစရာကောင်းလာတာကို
ဘယ်သူမှ သတိမထားမိဘူး
ကိုယ့်ကို ကိုယ် ပြန်သနားရကောင်းမှန်းမသိဘူး
ပါတ်ဝန်းကျင်ကိုမသနားနဲ့
ပါတ်ဝန်းကျင်က အသက်မှမရှိတာ
အသက်ရှိတာက နင်နဲ့ငါနဲ့
ငါတို့ ပါတ်ဝန်းကျင်ကို မထိန်းရင်
ပါတ်ဝန်းကျင်က ဘာမှမဖြစ်ဘူး
ဖြစ်မှာ က ငါတို့တွေလေ
ပြောမှ ရောင့်တတ်တယ်
မိကျောင်းမင်း ရေခင်းပြတတ်တယ်
ကလေးလေးက အမှိုက်ကို
လမ်းပေါ်ပစ်တယ်
ငါက သွားပြောတယ်
ပုံးထဲ ပစ် လို့
ဟာ အစ်ကိုကြီး+ကလည်း
ပုံးက အမြင့်ကြီးပဲတဲ့
ပြီးတော့ အသစ်ကြီးတဲ့
အင်……ဟုတ်ပါ့ အမှိုက်ပုံး အမြင့်ကြီးက
အသစ်စက်စက်ကြီး
အိမ်ယူသွားပြီး ဆန်တောင်ထည့်လို့ရတယ်
ခက်လှချေရဲ့
လူကြီးမလိုက်နာ
ကလေးမလိုက်နာ
စည်းကမ်း လို့ ပြောတဲ့လူက
ကွမ်းစားနေလေရဲ့
အင်း ဟုတ်ပါရဲ့
သူပြောတဲ့ စည်းကမ်းကို ကြည့်လိုက်တော့
ဘောင်ထဲ ထည့်ထားတာလေ
စည်းကမ်း စိတ်ပျက်ချေပြီ……………။
သူမှ ဘောင်ထဲ ကနေ
အပြင်ရောက်လာအောင် လုပ်လို့မရတာ
အသုဘ မှာ ချိတ်ထားတဲ့
ဓါတ်ပုံလိုပဲ
ကြောက်စရာသာကောင်းနေတာ
တကယ်တမ်းက
ဘာဆိုဘာမှ မတတ်နိုင်တဲ့
ငနဲ လေ……………။

In: ကဗျာ Posted By: Date: Oct 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment