Professional Authors

အနီးမီးယား…..( Anaemia )………( sharon )

ပထမဆုံးနဲ့ နောက်ဆုံးပါပဲ
ငါ…ချစ်တတ်သွားတာ
အချစ်ဆိုတာ
ချိန်ခါမဲ့ တဲ့ မိုးလိုပဲလား
ဆောင်းအိပ်မက်ပေါ် ….. တိုးတိတ်ညင်သာရွာချတယ်
ငါတို့ အချစ်
နွေဦးလေပြည်လို…..အရှိန်အဟုန်ပြင်းခဲ့ တယ်
ငါတို့ အချစ်
သစ္စာမြစ်လို …. ရဲရဲနီခဲ့ ကြတယ်
ငါတို့ အချစ်
လှိုင်းလေတွေကြား …… မူးမူးမေ့မေ့ရွက်လွှင့် ခဲ့ ကြတယ်
နေနိုင်တယ်တဲ့ လား
မျှော်လင့်ခဲ့ ကြတာအရူးအမူးပါပဲ
ကြိုးကတင်းလွန်းခဲ့ လေတယ်
နောက်ဆုံးမှာ
ငါကစိတ်ကူးယဉ်ဆန်..ဆွံ့ အသူ
ငါ့ဒဏ်ရာတွေ…..သန်းခေါင်ထက်ညနက်ခဲ့တယ်
မင်းကငါ့အချစ်ကိုစိတ်တိုင်းကျကြိုးညှိသွားခဲ့တာပါကွယ်
ငါ့မှာသာ….သံစဉ်ခါးခါးနဲ့ခရီးဆက်ခဲ့ ရတယ်
နမ်းခွင့်မရတော့တဲ့ရယ်သံလွင်လွင်လေးရယ်
သိပ်ကိုလွမ်းဆွတ်နာကျင်ရပါတယ်
နွေခေါင်ခေါင်မှာမှ….ငါကသက်တံ့မျှော်မိသူပါ
သိပ်ကိုသတိရပါတယ်
စင်းလုံးချောဒဏ်ရာတွေ
အဖျားသွေးစို့ နေတဲ့ ဆောင်းနှင်းတွေ
ဒါတောင်…
ရက်စွဲတွေကို….မင်းခိုးသွားပြန်တယ်
ငါကတော့
ပြာကျသွားတဲ့ထိလောင်ကျွမ်းပစ်ဖို့ စောင့်ဆိုင်းနေမိသေးတယ်
မင်းသိထားသင့်ပါတယ်
မင်းမရှိနေ့ စွဲတွေမှာ
ငါ့အချစ်က…သွေးအားနည်းနေတတ်တယ်ဆိုတာ…..


                                                                         ရှာရွန်  (10.10.2011 )  2:32 pm
                                        

In: ကဗျာ Posted By: Date: Oct 10, 2011
Comment #1

နမ်းခွင့်မရတော့တဲ့ရယ်သံလွင်လွင်လေးရယ်
သိပ်ကိုလွမ်းဆွတ်နာကျင်ရပါတယ်
နွေခေါင်ခေါင်မှာမှ….ငါကသက်တံ့မျှော်မိသူပါ

အဲ့ဒီနေရာအရောက်မှာမျိုးအမည်မသိလေပြေတစ်ခု
ဖြတ်တိုက်သွားသလိုပဲ…..ကြိုက်၏။

commentinfo By: terry at Oct 10, 2011
Comment #2

မင်းကငါ့အချစ်ကိုစိတ်တိုင်းကျကြိုးညှိသွားခဲ့တာပါကွယ်
ငါ့မှာသာ….သံစဉ်ခါးခါးနဲ့ခရီးဆက်ခဲ့ ရတယ်
နမ်းခွင့်မရတော့တဲ့ရယ်သံလွင်လွင်လေးရယ်
သိပ်ကိုလွမ်းဆွတ်နာကျင်ရပါတယ်
နွေခေါင်ခေါင်မှာမှ….ငါကသက်တံ့မျှော်မိသူပါ
သိပ်ကိုသတိရပါတယ်
စင်းလုံးချောဒဏ်ရာတွေ
အဖျားသွေးစို့ နေတဲ့ ဆောင်းနှင်းတွေ
ဒါတောင်…
ရက်စွဲတွေကို….မင်းခိုးသွားပြန်တယ်
ငါကတော့
ပြာကျသွားတဲ့ထိလောင်ကျွမ်းပစ်ဖို့ စောင့်ဆိုင်းနေမိသေးတယ်
မင်းသိထားသင့်ပါတယ်
မင်းမရှိနေ့ စွဲတွေမှာ
ငါ့အချစ်က…သွေးအားနည်းနေတတ်တယ်ဆိုတာ…..
ကောင်းတယ်ဗျာ လွှတ်ကောင်း အားပေးနေပါတယ်ဗျို့ 🙂

Comment #3

မင်းမရှိနေ့ စွဲတွေမှာ
ငါ့အချစ်က…သွေးအားနည်းနေတတ်တယ်ဆိုတာ…..

Comment #4

အချစ်ဆိုတာ
ချိန်ခါမဲ့ တဲ့ မိုးလိုပဲလား
ဆောင်းအိပ်မက်ပေါ် ….. တိုးတိတ်ညင်သာရွာချတယ်

commentinfo By: nwenyeinaye at Oct 11, 2011
Comment #5

ငါ့မှာသာ….သံစဉ်ခါးခါးနဲ့ခရီးဆက်ခဲ့ ရတယ်
နမ်းခွင့်မရတော့တဲ့ရယ်သံလွင်လွင်လေးရယ်
သိပ်ကိုလွမ်းဆွတ်နာကျင်ရပါတယ်
နွေခေါင်ခေါင်မှာမှ….ငါကသက်တံ့မျှော်မိသူပါ
သိပ်ကိုသတိရပါတယ်…./

ငါကတော့
ပြာကျသွားတဲ့ထိလောင်ကျွမ်းပစ်ဖို့ စောင့်ဆိုင်းနေမိသေးတယ်
မင်းသိထားသင့်ပါတယ်
မင်းမရှိနေ့ စွဲတွေမှာ
ငါ့အချစ်က…သွေးအားနည်းနေတတ်တယ်ဆိုတာ…..

ကောင်းလိုက်တဲ့စာသားတွေဗျာ…..အားပေးသွားပါတယ်….
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ

commentinfo By: ကေသရီ at Oct 11, 2011
Comment #6

ကဗျာအကြောင်းသိပ်တော့နားမလည်ဘူး
တိုက်ဆိုင်မှုလေးတွေပါတော့
ကောင်းပါတယ်

commentinfo By: zombie at Oct 11, 2011
Comment #7

စကားလုံးတွေကို လှလှလေးသီထားတာဘဲ တကယ်မိုက်တယ်ဗျာ အားပေးသွားတယ် ။

commentinfo By: X - ray at Oct 11, 2011
Comment #8

အားလုံးကို ကျေးဇူးတင်တယ်ဗျာ…..
အကြံညဏ်လေးတွေလည်းပေးစေလိုပါတယ်
ကျေးဇူးအထူးပါဗျာ

commentinfo By: sharon myorr myor at Oct 12, 2011
Comment #9

အပုဒ်တိုင်းကောင်းတယ်ဗျာ……….ကြွေတယ်..

commentinfo By: Salai Peter at Oct 12, 2011
Comment #10

ပီတာ
နင်ဘယ်ပျောက်
ကျေးဇူးကွာ
အားပေးတဲ့ အတွက် 😛

commentinfo By: sharon myorr myor at Oct 14, 2011
Comment #11

ကောင်းကောင်းကောင်း…ဗျာ

commentinfo By: အသဲကွဲမိုး at Oct 14, 2011
Comment #12

မမမိုး
ကျေးဇူးတင်ပါတယ်
မမမိုးကဗျာတွေကိုစောင့် မျှော်နေတယ်နော်..

commentinfo By: sharon myorr myor at Oct 18, 2011
Comment #13

မင်းကငါ့အချစ်ကိုစိတ်တိုင်းကျကြိုးညှိသွားခဲ့တာပါကွယ်
ငါ့မှာသာ….သံစဉ်ခါးခါးနဲ့ခရီးဆက်ခဲ့ ရတယ်
နမ်းခွင့်မရတော့တဲ့ရယ်သံလွင်လွင်လေးရယ်
သိပ်ကိုလွမ်းဆွတ်နာကျင်ရပါတယ်
နွေခေါင်ခေါင်မှာမှ….ငါကသက်တံ့မျှော်မိသူပါ
သိပ်ကိုသတိရပါတယ်
စင်းလုံးချောဒဏ်ရာတွေ
အဖျားသွေးစို့ နေတဲ့ ဆောင်းနှင်းတွေ
ဒါတောင်…
ရက်စွဲတွေကို….မင်းခိုးသွားပြန်တယ်
ငါကတော့
ပြာကျသွားတဲ့ထိလောင်ကျွမ်းပစ်ဖို့ စောင့်ဆိုင်းနေမိသေးတယ်
မင်းသိထားသင့်ပါတယ်
မင်းမရှိနေ့ စွဲတွေမှာ
ငါ့အချစ်က…သွေးအားနည်းနေတတ်တယ်ဆိုတာ…..

commentinfo By: May Kha at Oct 21, 2011
Comment #14

ဝင်ရောက်အားပေးသွားပါသည်ခင်ဗျာ…။
အကြိုက်လဲတွေ့သွားခဲ့ပါသည်……။
နောက်ဆုံးမှာ
ငါကစိတ်ကူးယဉ်ဆန်..ဆွံ့ အသူ
ငါ့ဒဏ်ရာတွေ…..သန်းခေါင်ထက်ညနက်ခဲ့တယ်
မင်းကငါ့အချစ်ကိုစိတ်တိုင်းကျကြိုးညှိသွားခဲ့တာပါကွယ်
ငါ့မှာသာ….သံစဉ်ခါးခါးနဲ့ခရီးဆက်ခဲ့ ရတယ်
နမ်းခွင့်မရတော့တဲ့ရယ်သံလွင်လွင်လေးရယ်
သိပ်ကိုလွမ်းဆွတ်နာကျင်ရပါတယ်
နွေခေါင်ခေါင်မှာမှ….ငါကသက်တံ့မျှော်မိသူပါ
သိပ်ကိုသတိရပါတယ်
စင်းလုံးချောဒဏ်ရာတွေ
အဖျားသွေးစို့ နေတဲ့ ဆောင်းနှင်းတွေ
ဒါတောင်…
ရက်စွဲတွေကို….မင်းခိုးသွားပြန်တယ်
ငါကတော့
ပြာကျသွားတဲ့ထိလောင်ကျွမ်းပစ်ဖို့ စောင့်ဆိုင်းနေမိသေးတယ်
မင်းသိထားသင့်ပါတယ်
မင်းမရှိနေ့ စွဲတွေမှာ
ငါ့အချစ်က…သွေးအားနည်းနေတတ်တယ်ဆိုတာ…..
ကြိုက်ပါ၏……………။

commentinfo By: တာရာကိုကို at Oct 22, 2011
Comment #15

ကျေးဇူးအထူးတင်ပါ၏
မမမေခေ၇ာ
ကိုကိုတာရာကော..

commentinfo By: sharon myorr myor at Oct 22, 2011
Comment #16

daw daw chwe tat de

commentinfo By: ei lay at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment