Professional Authors

“ချစ်သောမရေ…”

ချစ်သောမရေ
ခပ်ဝေးဝေးကစောင့်ကြည့်ရင်း
ယိုယွင်းနေတဲ့အချစ်ကို
ဖာထေးဖို့စောင့်နေသူပါ

ချစ်သောမရေ
ကျိန်မလားဆိုကျိန်ရဲပါရဲ့
ကျနော့်ရဲ့ချစ်ခြင်းနဲ့
ကောင်းကင်ကိုလင်းစေမှာပါ

ချစ်သောမရေ
နှုတ်မရမဲ့စကားတစ်ခွန်း
ဥာဏ်မှီသလောက်ပြောမှာပါ
ရင်ဘတ်ချင်းနားလည်ချင်ပါရဲ့

ချစ်သောမရေ
ဓါးတောင်ကိုကျော်ရဲပါရဲ့
မီးပင်လယ်ဖြတ်ရဲပါရဲ့
နှစ်ဦးသားနီးရမယ်ဆို

ချစ်သောမရေ
တစ်ယောက်တည်းရူးရင်း
လက်ချိုးရေစောင့်နေပါရဲ့
ဆုံကြရမဲ့နေ့ကို….။

In: ကဗျာ Posted By: Date: Oct 10, 2011
Comment #1

ချစ်သောမရေ
ခပ်ဝေးဝေးကစောင့်ကြည့်ရင်း
ယိုယွင်းနေတဲ့အချစ်ကို
ဖာထေးဖို့စောင့်နေသူပါ ကောင်းတယ်ဗျစာသားတွေက အားပေးသွားတယ် အစ်ကိုမြတ်သူ ။

commentinfo By: X - ray at Oct 11, 2011
Comment #2

မောင်မြတ်သူ..မိုးအားပေးနေပါတယ်…

commentinfo By: အသဲကွဲမိုး at Oct 14, 2011
Comment #3

X-ray နဲ့မိုးတို့နှစ်ယောက်စလုံးကို ကျေးကျေးပါခင်ဗျ 🙂

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 16, 2011
Comment #4

မိုးခြင်းတူပေမဲ့ သူများတွေက စိုစွက်
ငါ့မှာတော့ အဆိပ်တက်
အိပ်ပျက်ညများ သွယ်တန်း
ဒီလိုနဲ့ပဲ လှည်းတန်းမှာ လှည်းမစီးနိုင်တော့ဘူး

Comment #5

wow,,,,
lovely cute poem

commentinfo By: ei lay at Nov 1, 2011
Comment #6

only dream,,,right?
he,,he,,
imaging

commentinfo By: ei lay at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment