Professional Authors

ကြယ်ကြွေ ဆုတောင်း …

ဟိုးဝေးဝေးကောင်းကင်ကနေ

ကြယ်ကလေး ကြွေသွားတယ် …

ကူရာမဲ့ ကယ်ရာမဲ့ …

 

ကြယ်ကြွေ အခိုက် …

ကောင်မလေး တောင်းဆုပြုရဲ့ …

‘ဘ၀ဆက်တိုင်း ဆုံရပါစေ …’

ကြယ်ကလေးပြုံးမိတယ် …

 

ဟိုးဝေးဝေးကောင်းကင်မှာ

ကြယ်မလေး တစ်စင်းထဲ ကျန်ခဲ့တာ

ကောင်မလေးမှ မသိပဲ …

 

ကောင်မလေးရေ …

ငါ့ ကြယ်မလေးနဲ့ ပြန်ဆုံတွေ့ခွင့်ရဖို့ ..

ဘယ်သူ့ဆီ တောင်းဆုပြုရပါ့မလဲ ကွယ် …

 

လူတွေပြောကြတယ် ..

ကြယ်ကြွေချိန် ဆုတောင်းရင်

တောင်းဆုပြည့်သတဲ့ …

 

ကြယ်တွေမှာတော့ ..

လူကြွေချိန် ဆုတောင်းရင်

တောင်းဆုပြည့်တယ်လို့ မရှိရပါလားကွယ် …

 

မင်းတို့ တောင်းဆုပြည့်ဖို့ပဲ ….

ငါတို့တွေ … အတောက်ပ ဆုံး လောင်ကျွမ်းပြီး …

အလှပဆုံး ကြွေကျပြရတယ် ….

 

ကြယ်တွေကြွေလို့ …

မင်းတို့ ၀မ်းနည်းဖူးသလားကွယ် …

လူတွေသေရင်တော့ …

ကြယ်တွေ ငိုကြွေးဖူးရဲ့ …

 

ဘာပဲဖြစ်ဖြစ်လေ ….

မင်းဆုတောင်း ငါ မဖြည့်နိုင်ပေမယ့် ..

မင်း စိတ်ချမ်းသာမယ်ဆို …

ငါ …

ကြွေ ရ ကျိုး နပ် ရဲ့ ….

 

ဒါပေမယ့်လေ …

ငါ့ကြယ်မ လေးကိုလဲ ပြောပေးပါလား …

လူတွေသေရင် … ငါနဲ့ ပြန်ဆုံဖို့ … ဆု တောင်း ပေး ပါ လို့  … ။    ။

 

In: ကဗျာ Posted By: Date: Oct 10, 2011
Comment #1

အသစ်ပဲ
တခြားသူတွေ မတွေးတဲ့၇ှုထောင့်ကနေ မြင်သွားတာ
အားပေးသွားပါတယ်…

commentinfo By: nwenyeinaye at Oct 10, 2011
Comment #2

ဟုတ် … အားပေးတာ ကျေးဇူးပါ …

commentinfo By: Nge Lay at Oct 10, 2011
Comment #3

ရိုးရှင်းတဲ့ ကဗျာလေးပါပဲ
ခံစားဖတ်လိုက်ပါတယ်
စိတ်ဝင်စားဖို့ကောင်း၏

commentinfo By: jasmine at Oct 10, 2011
Comment #4

ဘာပဲဖြစ်ဖြစ်လေ ….
မင်းဆုတောင်း ငါ မဖြည့်နိုင်ပေမယ့် ..
မင်း စိတ်ချမ်းသာမယ်ဆို …
ငါ …
ကြွေ ရ ကျိုး နပ် ရဲ့ ….

…..Nice Word……..

commentinfo By: ကေသရီ at Oct 10, 2011
Comment #5

ကဗျာလေးကရိုးရှင်းပါရဲ့ ကောင်းပါသည် အားပေးသွားပါကြောင်း

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 10, 2011
Comment #6

ဟုတ် … ဝေဖန်ပေးကြတဲ့အတွက် ကျေးဇူးပါ … 🙂

commentinfo By: Nge Lay at Oct 10, 2011
Comment #7

ကြယ်ကြွေရင်ဆုတောင်းပြည့်တယ်ဆိုလို့
ဒီလက်တန်းပုံပြင်တွေကို ဘယ်သူတွေကများ
တခုတ်တရ ပြောခဲ့ကြပါလိမ့်…
ခုတော့ငါ့မှာတစ်ခုတည်းသောတောင်းဆုအတွက်
ကြယ်ကြွေပါစေလို့ အရင်တောင်းဆုချွေနေရတယ်
………………………………….
ကြယ်လေးတွေ မကြွေပါစေနဲ့ 🙂

commentinfo By: နတ်သမီး at Oct 14, 2011
Comment #8

hote pa…
ba wa a sat sat ko taung so tar so dot,,,,nge lay ye
thu ka u a paw hmar daw daw ko a nun tar khan p chit loh pe phyit ya me.

commentinfo By: ei lay at Nov 11, 2011
Comment #9

ဟိုးဝေးဝေးကောင်းကင်ကနေ

ကြယ်ကလေး ကြွေသွားတယ် …

ကူရာမဲ့ ကယ်ရာမဲ့ …

ကြယ်ကြွေ အခိုက် …

ကောင်မလေး တောင်းဆုပြုရဲ့ …

‘ဘ၀ဆက်တိုင်း ဆုံရပါစေ …’

ကြယ်ကလေးပြုံးမိတယ် …

ဟိုးဝေးဝေးကောင်းကင်မှာ

ကြယ်မလေး တစ်စင်းထဲ ကျန်ခဲ့တာ

ကောင်မလေးမှ မသိပဲ …

ကောင်မလေးရေ …

ငါ့ ကြယ်မလေးနဲ့ ပြန်ဆုံတွေ့ခွင့်ရဖို့ ..

ဘယ်သူ့ဆီ တောင်းဆုပြုရပါ့မလဲ ကွယ် …

လူတွေပြောကြတယ် ..

ကြယ်ကြွေချိန် ဆုတောင်းရင်

တောင်းဆုပြည့်သတဲ့ …

ကြယ်တွေမှာတော့ ..

လူကြွေချိန် ဆုတောင်းရင်

တောင်းဆုပြည့်တယ်လို့ မရှိရပါလားကွယ် …

မင်းတို့ တောင်းဆုပြည့်ဖို့ပဲ ….

ငါတို့တွေ … အတောက်ပ ဆုံး လောင်ကျွမ်းပြီး …

အလှပဆုံး ကြွေကျပြရတယ် ….

ကြယ်တွေကြွေလို့ …

မင်းတို့ ၀မ်းနည်းဖူးသလားကွယ် …

လူတွေသေရင်တော့ …

ကြယ်တွေ ငိုကြွေးဖူးရဲ့ …

ဘာပဲဖြစ်ဖြစ်လေ ….

မင်းဆုတောင်း ငါ မဖြည့်နိုင်ပေမယ့် ..

မင်း စိတ်ချမ်းသာမယ်ဆို …

ငါ …

ကြွေ ရ ကျိုး နပ် ရဲ့ ….

ဒါပေမယ့်လေ …

ငါ့ကြယ်မ လေးကိုလဲ ပြောပေးပါလား …

လူတွေသေရင် … ငါနဲ့ ပြန်ဆုံဖို့ … ဆု တောင်း ပေး ပါ လို့ … ။ ။

commentinfo By: ei lay at Jan 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment