Professional Authors

အဖြေ

ဖြူစင်သော အရွယ်တွင်
ဖြူစင်သော အိပ်မက်များဖြင်.
ဖြူစင်စွာ ချစ်ခဲ့ကြသည်
ကာလယန္တယားသည်
မပြောင်းလဲပါဟု
ရိုးသားစွာ ယုံကြည်ခဲ့ကြသည်။

နှစ်ကိုယ်. တစ်စိတ်
အိပ်မကိများလည်း
မက်ခဲ့ဖူးကြသည်
မဖျက်ကြေးဆိုသည်.
ကတိသစ္စာများလည်း
ထားခဲ့ကြသည်။

ထိုသို.ဖြင်.
သက္ကရာဇ် သည်
၃ ကြီမ်တိုင်တိုင်
လည် ပတ် ခဲ့ ဖူး သည်…………………

၎ ကြီမ်မြောက်
သက္ကရာဇ်……..

ခိုင်ခိုင်တွဲထားသော
လက်များလျော.ရဲလာသည်
နင် ပေးဆပ်နိုင်တာ
ငါ. အတွက်ဘာလဲ ဟု
မေးခွန်းဝင်လာသည်။

သံသယတို.၏ ကြည်.ခြင်းဖြင်.
မျက်လုံးတို.၏ အရိပ်အရောင် သည်
စူးရှလာ၏
ကျွန်ုပ်၏ အဖြေအတွက်
မျက်လုံးများ ၏ အဓိပါယ်
ဖွင်.ဆိုချက်သည်
လိုအင်ဆန္ဒများ၏ရှေ.ပြေး
ဖြစ်လာခဲ့သည်။

အိပ်မက်များသည် တစ်ကွဲတစ်ပြားဆီ
လွင်.ပျက်စပြုလာသည်
ကတိစကားတစ်ခု၏ ချုပ်နှောင်မှုဖြင်.
အကွဲအစများကိုက်ကောက်ရင်း
မရင်းနှီးမှုများဖြင်.
ကျောခြင်းကပ်ထားကြသည်။

နမိတ်ပြ သင်္ကေတများ၏ အလိုနှင်.
ဟောင်းနွမ်းသက္ကရာဇ်များ၏ ရင်းနှီးမှုများကြား
မတူညီသော တွေ.ရှိမှု တစ်ခု
တွေ.ရှိခဲ့သည်
သူမ ၏ ကိုယ်သင်းနံ့သည်
ယခင်လို မဟုတ်တော.ပါလား။

ရက်ရာဇာ (သို.) ပြသဒါး
တစ်ခါမှ မသတ်မှတ်ခဲ့သော
အစ (သို.) အဆုံး
သို.  ရောက်ရှိလာလေသည်
ဇာတာခွင် ၏ အရောက်သည်
ဆည်းဆာရောင် တောက်လာချေပြီ။

ဘ၀ ကို သူမ
ပုစ္ဆာတစ်ပုဒ်လို
ထိုနေ.က ချတွက်ပြခဲ့သည်
နင်.ကြောင်. ငါ.ကြောင်.လို.
ခေါင်းစဉ်မတပ်ပါနဲ့တော.
ထားရှိခဲ့တဲ့ ကတိတွေချီုးဖျက်
ရှေ.ဆက်ပြီး
အိပ်မက်သစ်တွေ ဆက်မက်ပါတော.  ………………………..

            အဖြေ
  ငါ ၏ ယုံကြည်မှု.သည်
 
နင် ဖြစ်သည်ဆိုသည်ကို
   မသိခဲ့ပါလေသလော

       သက္ကရာဇ်အစ
 

    ဒီလိုနဲ့ပဲ ငါတို.ဟာ
     ကိုယ်.ကိုကိုယ်
   လီမ်ခဲ့ကြဖူးပါတယ်

  ချိုမြသော သင်္ကေတပြ
  ပစ္စည်းတစ်ခုကို စားသုံးရင်းဖြင်.
  ကတိတစ်ခုကို တည်ခဲ့ဖူးသည်
  အိပ်မက်များကလည်း
  အပိုဒ်ခွဲတစ်ခုအနေဖြင်.
  မက်ရန်အသင်.ရှိနေလေပြီ   ။

                                          ဖြူစင်စွာနဲ့ပေါ…………………..

                                                                                      ridd

In: ကဗျာ Posted By: Date: Oct 8, 2011
Comment #1

အဲ့ဒီလိုနဲ့ ပြီးသွားကော်လား…။

commentinfo By: SoFarAwayFromU at Oct 8, 2011
Comment #2

နောက်ဆုံးပိုဒ်လေးက ပိုကောင်းတယ်..

commentinfo By: ဖိုးနမ်း at Oct 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment