Professional Authors

ကျွန်တော်ကRealisimပါ(၂)

တေးသွားတစ်ပုဒ်တီးခတ်သလို

ကျွန်တော့်ညခင်းတီးခတ်မှူ

စာအုပ်တစ်စုနဲ့ ပြီးမြောက်ခဲ့ပေါ့

မပြောမပြီးမတီးမမြည်တဲ့ 

ပြုံးတုံးတုံးတွေ

ခေတ်ကုန်ခဲ့ပေါ့

ဘာလဲလောက

အမှန်မြင်ချင်ရင်ငါ့ဆီပြေးဝင်လှည့်။

အချိန်ခြုံလွှာတွေခွာခြမီးမြှိုက်နိုင်ပေမယ့်

အမြင်တွေတော့ဝရမ်းမထုတ်နိုင်ဘူးလေ

ပြောလို့ ပြောတာမဟုတ်ဘူး

ငါ့နေ့ ခင်းတွေလျှပ်စစ်ထွန်းမလို့ တဲ့ ။

ကမ္မ၀ါဒကိုတီးခေါက်

အားနည်းချက် စွမ်းအင်စိမ့်ထွက်မှူနဲ့ 

ငါ ရယ်ချင်ရယ်မဲ့ခဲ့

ပေါ်လူစစ္စကိုရဲ့ ခွေးလေးတစ်ကောင်အမြင်လို

ငါမြင်တတ်ပါရဲ့ လား

အော် နာရီတွေမှမတူခဲ့တာကိုး။

မိုနာလီဇာဆိုတဲ့ 

ရေပန်းစားအလိမ်အညာကြီးနဲ့ ကော

ငါပြေးတွေ့ ဘူးလား

အလကားတော့မဖြစ်ချင်ဘူးခင်ဗျ

ငါလဲပါကောင်းပါတတ်ပါရဲ့ ။

လူတိုင်းငါ့လိုမနေနဲ့ လေ

ဆုံးရှုံးမှူတွေသောက်သောက်လဲကို

ကြောက်ကြတယ်မလား။

ဒါပေမယ့်

အသက်ရှူသံတွေရပ်တန့် 

ကမ္ဘာကြီးတောင်ဆင်းရဲနေပါကောလေ။

ဆိုတော့ကာ

ငါ့အကြောင်းပြောပေးမယ့်

အလင်းနတ်သမီးနဲ့ ဥာဏ်သက်တော်စောင့်တို့ ရေ

ဝေးဝေးသာပြေးပေးပါလိမ့်။

အာလုံးအတွက်အလှသစ္စာတရားရေ

ငါမင်းကိုနားမလည်တာငါ့အပြစ်မဟုတ်ခဲ့ဘူးလေ

ကဲကဲ

အရင်တုန်းက လိုမဟုတ်တော့တဲ့ 

ငါနော်။

သံယောဇဉ်မင်း

သံယောဇဉ်နန်းတော်

In: ကဗျာ Posted By: Date: May 16, 2010
Comment #1

ကိုဖြိုးဝင်းကျော် ..

ကျွန်တော်တို့ poemscorner မှာ negative comment တွေလက်ခံပါတယ်။ ကြိုလဲကြိုဆိုပါတယ်။ ဝေဖန်တယ်ဆိုတာ လူတစ်ယောက် ရဲ့ တိုးတက်မှု့ပိုင်းဆိုင်ရာတွေ အတွက် အရေးပါတဲ့ အရာတစ်ခုပါပဲ။ ကဗျာတွေမှာ ကဗျာဆရာတစ်ယောက်ရဲ့ ခံစားချက်နဲ့ ရှု့ထောင့်အမျိုးမျိုးပါ ပါတယ်။ ကိုယ့်မြင်တဲ့ ရှူ့ထောင့်ကနေ ခံစားပြီး ကိုယ့်ဆုံးဖြတ်ချက် အမြင်တစ်ခုထဲနဲ့ ဒီကဗျာကတော့ မကောင်းပါဘူး .. ဒီကဗျာကတော့ မသက်ဆိုင်လှပါဘူးလို့ ဝေဖန် မှတ်ချက်ပေးလို့မရပါဘူး။ အထူးသဖြင့် မော်ဒန်ကဗျာတွေမှာ စာတစ်ကြောင်းထဲက လူအမျိုးမျိုးအတွက် အဓိပ္ပါယ် အမျိုးမျိုး ဖြစ်နိုပါတယ်။

ဒီကဗျာမှာပဲကြည့်ပါ။ အကိုက ကဗျာကျောရိုးနဲ့ အစပ်အဟပ် မတည့်ဘူး လို့ ဆိုထားပါတယ်။ ဘယ်နေရာမှာ ဘယ်လို အစပ်အဟပ် မတည့်တာပါလဲ။ ဘာကြောင့် အစပ်အဟပ်မတည့်တာပါလဲ။ ကဗျာဆိုတာ ပုံပြင် ဝထ္ထု ဆန်ဆန် ရေးဖို့ရာ မလိုအပ်တဲ့ အတွက် အကိုပြောတဲ့ ကျောရိုးဆိုတာ ဒီမှာ အဓိက မကျပါဘူး။ ဒီကဗျာက စကားလုံး အသုံးအနှုန်းရယ် နှိုင်းယှဉ်မှု့ရယ်ကို ဖေါ်ပြထားတဲ့ ကဗျာတစ်ပုဒ်ပါ။ ဒါကျွန်တော့်ဘက်ကအတွေး ပါ .. ကဗျာဆရာဘက် က တစ်ခြားအတွေးတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ွှအနုပညာတစ်ခု့ရဲ့ တင်ဆက်ပုံကို ကိုယ်ဘက်က ထင်မြင်မှု့တစ်ခုထဲနဲ့ negative ပေးတာကို ကျွန်တော်မလိုလားပါဘူး။ အကိုတစ်ကယ်ပဲ ကဗျာတစ်ပုဒ် ကိုဆွေးနွေးချင်တယ်ဆို ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် အချက်အလက်တွေနဲ့ ရေးပေးပါ။

commentinfo By: Thet Twe at May 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment