Professional Authors

သခင်မဲ့သော ငါ့နောင်တများ

မှားယွင်းခြင်း နောက်ကွယ်မှာ
ငါနောင်တတွေနဲ့ အိပ်ပျော်နေခဲ့တယ်
ငါ မနက်ဖြန်ဟာ တေလေတစ်ကောင်လို
လွင့်မြောရင်း ငါ့ ကောင်းကင်မှာ
ကြယ်တွေဒဏ်ရာတွေနဲ့ ကုသခံနေခဲ့တယ်
ထိုညမှာ လမင်းကြီးကလည်း
ငိုငြီးသံတွေလွှမ်းမိုးလို့ လမင်းထီးဆောင်းသော
ဆောင်းညတစ်ညလို ချမ်းတုန်တုန်နဲ့
ငါခန္ဓာကိုယ်ကို ထိန်းသိမ်းရင်း
အိပ်ငွေ့ချခံလိုက်ရတာ ငါ့ မသိလိုက်ဘူး
ရောင်နီလာသော အနာဂါတ် မနက်ခင်းမှာ
အတိတ်တစ္ဆေ ခြောက်လန့်လို့
အဆိပ်ငွေ့သက်သော မင်းရင်ခွင်အောက်မှာ
ငါ နိုးကြားခဲ့တယ် ဒါပေမဲ့
ငါ့ ဘဝတစ်ခုလုံး ဆေးခြောက်ရှုမိသလို
ထုံထိုင်းမေ့မျောရင်း အနာဂါတ်တွေတောင်
မသိတော့အောင် တောက်ခေါက်ကာ
နောင်တတွေ ရင်မှာပိုက်ခဲ့ရတယ်
သြော် ငါနောင်တတွေက သခင်မဲ့ခဲ့ပြီပေါ့..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 8, 2011
Comment #1

အားပေးသွားပါသည်

Comment #2

This poem is good….
my keyboard is broken.
so, i written comment is english

commentinfo By: yaewintaung at Oct 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment