Professional Authors

အပြစ်

 


 

အရိပ်အယောင်မပြပါနဲ့

အညှာလွယ်လွန်းတဲ့

ဒဏ်တွေအတွက်

ခံနိုင်စွမ်းမဲ့နေလို့ပါ

လေးညို့သံကြားတိုင်း

ဒီနှလုံးသား

ကျီးလန့်စာစားဖြစ်နေခဲ့တယ်

အိပ်မက်အသေတွေ

မက်လွန်းတော့လဲ

ည ရောက်မှာတောင်

ကြောက်လို့

အချစ်နဲ့ ဘဝ

ဖြစ်တဲ့ပဋိပက္ခတွေကြား

ငါ သာမြေစာပင်ပါပဲ

တော်ပါပီ

ဘာမှကိုမမျှော်လင့်တော့ပါဘူး

ငါကိုယ်တိုင်ကိုက

ဘုရားတားမြစ်ထားတဲ့

သစ်သီးကို စားသုံးမိတာကို………………..။

 

 

                                                                   မုတ်သုံ

 

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

ငါကိုယ်တိုင်ကိုက

ဘုရားတားမြစ်ထားတဲ့

သစ်သီးကို စားသုံးမိတာကို………………..။
အားပေးသွားသည်

Comment #2

အချစ်နဲ့ ဘဝ

ဖြစ်တဲ့ပဋိပက္ခတွေကြား

ငါ သာမြေစာပင်ပါပဲ

တော်ပါပီ

ဘာမှကိုမမျှော်လင့်တော့ပါဘူး

ငါကိုယ်တိုင်ကိုက

ဘုရားတားမြစ်ထားတဲ့

သစ်သီးကို စားသုံးမိတာကို………………
အားပေးသွားပါတယ်ကိုမုတ်သုံရေ မိုက်တယ်ဗျ ကဗျာလေးက အားပေးနေပါကြော င်းးး
🙂

Comment #3

ကောင်းတယ်ဗျာ

commentinfo By: HEROSMITH at Oct 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment