Professional Authors

ခံစားချက်သီးသန့်ပါ ………….(မရယ်)

မရယ်ကျွန်တော့်ရင်ထဲကို
ဝင်လာခဲ့ပါလားမရယ်
မ မရှိတဲ့ဘ၀က
ရေနံဆီ မရှိတဲ့မီးခွက်လိုပဲ
တစ်ခုခုလိုနေသလို အမြဲခံစားနေရပြီး
မှောင်မိုက်နေတဲ့ တောနက်ထဲကို
အလွမ်းတွေကို သယ်ပိုးပြီး
အချစ်ဆိုတဲ့ ပန်းတိုင်ပျောက်လို့
လိုက်ရှာနေတဲ့ ဘ၀နဲ့တူတူပါပဲ
မရယ် …….
ပန်းတိုင်မတွေ့ခင်အချိန်အတွင်း
နာကျင်ခံစားရလဲ
အဲ့ဒီဒဏ်ရာတွေကို
အလွမ်းတွေနဲ့ဖြေသိမ်ြ့ပီး(ဖြေသိမ့်စရာအချစ်မရှိလို့ပါ)
မ ပြန်ချစ်လာမဲ့အချိန်ကို
စောင့်မျှော်နေဆဲ့ပါ
မ ရယ် …………
တစ်နေ့တော့
မ က
ရေနံဆီအပြည့်နဲ့ မီးခွက်ကို
မီးထွန်းပြီး
ကျွန်တော်အလိုချင်ဆုံး
အချစ်ဆိုတဲ့ ပန်းတိုင်ကို
အလင်းတန်းတွေနဲ့အတူ ကျွန်တော့်ဆီ
ယူဆောင်လာမယ်လို့တွေးပြီး
စောင့်မျှော်ရင်း စောင့်မျှော်နေဆဲပါ
မရဲ့ အချစ်တွေကို ………..

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

har,,,,,,,,,,
tay loh ya de kwar

commentinfo By: ei lay at Jan 4, 2012
Comment #2

read again par

commentinfo By: ei lay at May 29, 2012
Comment #3

ရေနံဆီက၀ယ်ဖို့မင်္လွယ်ဘူးနော်…….
ဖယောင်းတိုင်လေးပြောင်းလိုက်နော်……..:P

commentinfo By: May Kha at May 29, 2012
Comment #4

Nice sweet words.
Feel satisfied.

commentinfo By: ei lay at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment