Professional Authors

ပစ်ထောင်တိုင် – နရီထက်

မလှပတဲ့ အချိုးအစားနှင့် ဘ၀က လှတယ် မဆိုသာဘူး
ဒီပုံစံကြီးနှင့်လည်း ချစ်စရာ ကောင်းတယ်တဲ့လား….

အပြုံးဆိုတာ မျက်နှာတင် ဆေးခြယ်ကတည်းက ပါလာတော့
ငါ့မျက်လုံးတွေက ငိုရခက်ခက်ပဲ သိလား…
အကြည့်တစ်ချက်ကောင်းဖို့ မျက်တောင်တွေ ကော့စဉ်း ပေးထားတယ်

ကြည်နူးစရာဆိုတာ ထားရာနေ စေရာသွား အထာစေခဲ့သလား
ငါ့သခင်ဆိုတာ ငါ့ခေါင်းကို လက်ဝါး မသပ်ပေမဲ့ လက်ဖြန့်ပေါ်မှာတော့ နေခွင့်ပေးခဲ့တယ်

ကံကြမ္မာကို စိန်ခေါ်စမ်းဆိုရင် ငါ့ကိုယ်လက်တွေ ကျိုးကျမသွားဘူး
ခပ်ဝေးဝေးပြေးခဲ့ပေမဲ့ စည်းချက်ကျရမဲ့ သီအိုရီကို ငါ့ တကယ် ၀ယ်ခဲ့သလား

လက်ခုပ်သံတွေကြားမှာ အကျနာတဲ့ အခါလည်း ရှိတယ်
ဟစ်အော်မှုအောက်မှာ ငါ့နှလုံးသားတွေ ပိတ်ဆို့နှုတ်ဆိတ်နေခဲ့တာလည်း ရှိမယ်…
လှဲမကျသွားရင် ပြီးရော တစ်ခုတည်းဘဲလား ….ကွယ်

အရောင်စိုစိုနှင့် ငါ့နှုတ်ခမ်းသားအလှတွေက
အကျခံဖြစ်မဲ့ ပေတရာကိုတော့ ကျိန်စာမပေးပါဘူး…ကွယ်။     ။

နရီထက်
( ၀၅ ၊ အောက်တိုဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

အကြည့်တစ်ချက်ကောင်းဖို့ မျက်တောင်တွေ ကော့စဉ်း ပေးထားတယ်
အရောင်စိုစိုနှင့် ငါ့နှုတ်ခမ်းသားအလှတွေက
အကျခံဖြစ်မဲ့ ပေတရာကိုတော့ ကျိန်စာမပေးပါဘူး…ကွယ်။ ။
အားပေးသွားပါတယ်ခင်ဗျာ

Comment #2

ကြည်နူးစရာဆိုတာ ထားရာနေ စေရာသွား အထာစေခဲ့သလား
ငါ့သခင်ဆိုတာ ငါ့ခေါင်းကို လက်ဝါး မသပ်ပေမဲ့ လက်ဖြန့်ပေါ်မှာတော့ နေခွင့်ပေးခဲ့တယ်

ကံကြမ္မာကို စိန်ခေါ်စမ်းဆိုရင် ငါ့ကိုယ်လက်တွေ ကျိုးကျမသွားဘူး
ခပ်ဝေးဝေးပြေးခဲ့ပေမဲ့ စည်းချက်ကျရမဲ့ သီအိုရီကို ငါ့ တကယ် ၀ယ်ခဲ့သလား

လက်ခုပ်သံတွေကြားမှာ အကျနာတဲ့ အခါလည်း ရှိတယ်
ဟစ်အော်မှုအောက်မှာ ငါ့နှလုံးသားတွေ ပိတ်ဆို့နှုတ်ဆိတ်နေခဲ့တာလည်း ရှိမယ်…
လှဲမကျသွားရင် ပြီးရော တစ်ခုတည်းဘဲလား ….ကွယ်

အရောင်စိုစိုနှင့် ငါ့နှုတ်ခမ်းသားအလှတွေက
အကျခံဖြစ်မဲ့ ပေတရာကိုတော့ ကျိန်စာမပေးပါဘူး…ကွယ် ….ဒိကဗျာ လေး သဘောကျတယ် ကိုကြိး အားပေးနေတယ်နော်.

commentinfo By: thua at Oct 13, 2011
Comment #3

ကြည်နူးစရာဆိုတာ ထားရာနေ စေရာသွား အထာစေခဲ့သလား
ငါ့သခင်ဆိုတာ ငါ့ခေါင်းကို လက်ဝါး မသပ်ပေမဲ့ လက်ဖြန့်ပေါ်မှာတော့ နေခွင့်ပေးခဲ့တယ်

ကံကြမ္မာကို စိန်ခေါ်စမ်းဆိုရင် ငါ့ကိုယ်လက်တွေ ကျိုးကျမသွားဘူး
ခပ်ဝေးဝေးပြေးခဲ့ပေမဲ့ စည်းချက်ကျရမဲ့ သီအိုရီကို ငါ့ တကယ် ၀ယ်ခဲ့သလား

လက်ခုပ်သံတွေကြားမှာ အကျနာတဲ့ အခါလည်း ရှိတယ်
ဟစ်အော်မှုအောက်မှာ ငါ့နှလုံးသားတွေ ပိတ်ဆို့နှုတ်ဆိတ်နေခဲ့တာလည်း ရှိမယ်…
လှဲမကျသွားရင် ပြီးရော တစ်ခုတည်းဘဲလား ….ကွယ်

အရောင်စိုစိုနှင့် ငါ့နှုတ်ခမ်းသားအလှတွေက
အကျခံဖြစ်မဲ့ ပေတရာကိုတော့ ကျိန်စာမပေးပါဘူး…ကွယ် ….ဒိကဗျာ လေး သဘောကျတယ် ကိုကြိး အားပေးနေတယ်နော်.ကိုကြိး ကဗျာ ခေါင်းစဉ်လေး က ရှင်းရှင်းလေးနဲ့ မိုက်တယ်။

commentinfo By: thua at Oct 13, 2011
Comment #4

ကံကြမ္မာကို စိန်ခေါ်စမ်းဆိုရင် ငါ့ကိုယ်လက်တွေ ကျိုးကျမသွားဘူး
ခပ်ဝေးဝေးပြေးခဲ့ပေမဲ့ စည်းချက်ကျရမဲ့ သီအိုရီကို ငါ့ တကယ် ၀ယ်ခဲ့သလား

လက်ခုပ်သံတွေကြားမှာ အကျနာတဲ့ အခါလည်း ရှိတယ်
ဟစ်အော်မှုအောက်မှာ ငါ့နှလုံးသားတွေ ပိတ်ဆို့နှုတ်ဆိတ်နေခဲ့တာလည်း ရှိမယ်…
လှဲမကျသွားရင် ပြီးရော တစ်ခုတည်းဘဲလား ….ကွယ်

commentinfo By: အသဲကွဲမိုး at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment