Professional Authors
လွမ်း မိတဲ့ စာ တစ်စောင်
စာ တစ် စောင်
သူမ မပို့ ဖြစ်ခဲ့ သော စာတစ်စောင်/ သူမ မရေး ဖြစ်ခဲ့သေးသော စာတစ်စောင်
အတိတ်မှာ စာတစ်စောင် ရှိခဲ့ ဘူးတယ်
သူမ ရေးဖြစ်ခဲ့တယ်/ သူမ ပို့ ဖြစ်ခဲ့တယ်
ကျွန်တော် ဖတ် ဖြစ်ခဲ့တယ်/ ဖတ်နေ ဆဲ လည်း ဖြစ်တယ်
ပစ္စုပ္ပန် နဲ့  အနာဂါတ်
ဘာမှန်းမသိ
ဘာရေး မယ်မှန်းမသိ
မျှော်လင့် နေမိသည်
မျှော်လင့်နေမိခဲ့သည်
မျှော်လင့်နေမိချင်သည်
ယနေ့  စာပို့ သမား မလာပါ
ထို့ ကြောင့် မျှော်လင့် ခြင်း ကို ဆေးကြော သုတ်သင် နေမိပြန်သည်။       ။( လုလင်ငယ်သွေး)
In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1
မျှော်လင့်ခြင်းကိုဆေးကြောသုတ်သင်နေမိပြန်သည်
အင်း………….
အားပေးသွားပါကြောင်း
Comment #2
မျှော်လင့်ခြင်းကိုပေါ်လစ်တင်လိုက်ပါ
အရောင်တွေတောက်လာလိမ့်မယ်
လူဆိုတာမျှော်လင့်ချက်နဲ့ အသက်ရှင်နေတာမဟုတ်လား
ကျတော် ဆုတောင်းပေးလိုက်ပါတယ်
အသက်ရှည်ရှည်နဲ့ မျှော်လင့်ချက်တွေ ရွင်လန်းနေပါစေ……..
အားပေးသွားပါတယ်
Comment #3
ပစ္စုပ္ပန် နဲ့  အနာဂါတ်
ဘာမှန်းမသိ
ဘာရေး မယ်မှန်းမသိ
မျှော်လင့် နေမိသည်
မျှော်လင့်နေမိခဲ့သည်
မျှော်လင့်နေမိချင်သည်
ဟုတ်တယ်နော် သူ့ကို မျှော်လင့်နေရတာကိုက ပျော်ရွှင်ခြင်းတစ်မျိုးပဲ…..:P
အားပေးသွားတယ် လုလင်ရေ….။
commentinfo By: ကေသရီ at Oct 10, 2011
Comment #4
he,,he,,,
in childhood’s nature..
commentinfo By: ei lay at Nov 6, 2011
Comment #5
အခုလို လာရောက် အားပေး ကြတာ ကျေးဇူး အထူးတင်ပါတယ်
Comment #6
မျှော်လင့် နေမိသည်
မျှော်လင့်နေမိခဲ့သည်
မျှော်လင့်နေမိချင်သည်
commentinfo By: kaungkinsoe at Nov 19, 2011
Comment #7
read again..
miss so much.
commentinfo By: ei lay at Nov 21, 2011
Comment #8
..နှစ်သက်စွာအားပေးသွားတယ်
commentinfo By: အသဲကွဲမိုး at Mar 13, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment