Professional Authors

လေးနက်ခြင်းများ

ပျော်ပျော်နေတတ်တဲ့မိန်းကလေးတစ်ယောက်မှာ..
စစ်မှန်တဲ့ချစ်ခြင်း…မရှိနိုင်ဘူးထင်ရင်
မင်း…မှားသွားမှာပေါ့…ချစ်သူ..
သူတကာလို..မူယာမပိုတတ်ပေမယ့်
အကြင်နာပိုတတ်တဲ့နှလုံးသား..ငါ့မှာရှိတယ်..
သူတကာလို…ပလီပလာမဆိုတတ်ပေမယ့်
စစ်မှန်တဲ့မေတ္တာ…ငါ့မှာရှိတယ်…
အပေါ်ယံလွှာ.အရေခြုံပြီး..
ဟန်ဆောင်မလိမ်ညာတတ်ခဲ့တာ..ငါ့အပြစ်လား..?
တစ်ခြားသူတွေနဲ့..ယှဉ်ပြီး..
ငါ့ကိုအပြစ်မမြင်ပါနဲ့ချစ်သူ..
ပျော်ပျော်နေတတ်ပေမယ့်.
အရာရာကို..ပေါ့ပေါ့လေးမတွေးပါဘူး..
မင်း..မသိတဲ့လေးနက်ခြင်းတွေ.
မင်း..မသိတဲ့ချစ်ခဲ့ခြင်းတွေနဲ့..
မင်းမသိခဲ့တဲ့..သစ္စာတရားတွေ
ငါ့ရင်ဘတ်ထဲ…ရှိနေခဲ့တာ
မင်းသိအောင်လို့..
မပြောပြတော့ပါဘူးချစ်သူ..ရယ်
ဒါပေမယ့်….တစ်ခုတော့တောင်းဆိုပါရစေ
လူတစ်ယောက်ရဲ့အပေါ်ယံကိုကြည့်ပြီး
အတွင်းစိတ်ကို..မဆုံးဖြတ်ပါနဲ့..
မင်း..ဒုက္ခရောက်မှာစိုးလို့ပါ..ချစ်သူ..

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

ကောင်းလိုက်တဲ့ သတိပေးစကား
လေးနက်ခြင်းတရား
အားပေးနေမယ်…..

Comment #2

har,,,,
arr lone tu tu pe.
but,,,,
ta khu pe …
ko ka dot ti aung pyaw pya hmar pe.

commentinfo By: ei lay at Nov 6, 2011
Comment #3

For u.

commentinfo By: ei lay at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment